ကောင်းမှုတော်စေတီတော်ကို တပေါင်းလပြည့်အမှီ အဖြူရောင်သင်္ကန်းကပ်လှူရန်သီတဂူဆရာတော်ဘုရားကြီး မိန့်ကြား

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၀

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကြီးလက်ရှိ ရွှေဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း အဖြစ် ပြောင်းလဲ ကပ်လှူမှုကို လာမယ့် တပေါင်းလပြည့် အမှီ အပြီး လုပ်ဆောင်ရန် ယနေ့ နံနက်ပိုင်းက ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော် ရင်ပြင်တော်ပေါ်ရှိ ဂေါပကရုံးခန်းမှာ သီတဂူဆရာတော်ဘုရား နဲ့ ဂေါပကအဖွဲ့ဝင်တွေ ပြုလုပ်တဲ့ အဖြူရောင်သင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သီတဂူဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ပါတယ်။

ကောင်းမှုတော်စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူမယ့် လုပ်ငန်းတွေကို လာမယ့် တပေါင်းလပြည့် အမှီ အပြီး လုပ်ဆောင်မှာ ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုကို လုပ်သားအင်းအား ၃၀ နှင့် နေ့စဉ် နံနက်ခင်းမှ ည ၁၀ နာရီ လုပ်ဆောင်သွားမည်ဖြစ်ကာ တပေါင်းလပြည့်နေတွင် သံဃာအပါး ၁၀၀၀ နဲ့ ဘုရားအနေကဇာတင်ပြီး သံဃာအပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာ ဖြစ်ပါတယ်။

အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန် အတွက် လက်ရှိ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်း၊ရေဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊Flexible Protective Coating(Mapelastic)သုတ်လိမ်းခြင်း၊Elastocolour Paint Plus အား သုတ်လိမ်းခြင်း တို့ ပြုလုပ်သွားရမှာဖြစ်ပြီး အီတလီနိုင်ငံထုတ်အဆင့်မြင့် အဖြူရောင်ဆေးပစ္စည်းဖိုးအနေဖြင့် ငွေကျပ်သိန်း ၁၁၀၀ ကျော် နှင့် ဆေးသုတ်လုပ်အားခမှာ ကျပ်သိန်း ၁၃၀၀ ကျော် ကုန်ကျမယ်လို့ ဆေးသင်္ကန်းကပ်လှူမှု ရွေးချယ်ခံရတဲ့  အောင်ပြည်တန်ကုမ္ပဏီ က သိရပါတယ်။

#voiceofmyanmar#စစ်ကိုင်းကောင်းမှုတော်စေတီတော်#တပေါင်းလပြည့်အမှီဆေးသင်္ကန်းပြောင်းလဲကပ်လှူ#

 

Related posts

✕
VOM News

FREE
VIEW