ဟွာဝေးဘဏ္ဍာရေး အကြီးအကဲ အဖမ်းခံရမှု အမေရိကန်ရဲ့ အရေးယူတဲ့အပေါ် အခြေခံပြီး တရုတ်နိုင်ငံ တုံ့ပြန်မယ်လို့ သတိပေး

ပေကျင်း၊ ဒီဇင်ဘာ ၁၀-၂၀၁၈

မျိုးဆက် (VOM)

အီရန်နိုင်ငံအပေါ် အမေရိကန်ကချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့အတွက် ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေး  အကြီးအကဲကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ဒီဇင်ဘာ ၉ ရက်မှာ တရုတ်နိုင်ငံက ဆင့်ခေါ်လိုက်ပါတယ်။

ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ ဖြစ်သူ မန်          ၀မ်ကျို ၄၆ နှစ်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် တရုတ်နိုင်ခြားရေး ဒုတိယ၀န်ကြီး လီယူချန်က အမေရိကန် သံအမတ်ကြီး တယ်ရီဘရန်စတက်နဲ့ တွေ့ဆုံရာမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင်အခွင့်အရေးတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ချိုးဖောက်တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းရဲ့ ၀က်ဘ်ဆိုက်မှာ ရေးသားခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုတွေအပေါ်အခြေခံပြီး တုံ့ပြန်တာတွေလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ယမန်နေ့ကလည်း ယင်းကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီး မန်ဝမ်ကျိုကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး လွှတ်မပေးပါက ကနေဒါနိုင်ငံအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးပြောဆိုပါတယ်။

ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုသည် ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမှ အဖမ်းခံလိုက်ရတာဖြစ်ပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းခံရဖွယ်ရှိနေပါတယ်။

#voiceofmyanmar#ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ#အဖမ်းခံရမှု#

Ref: UPI

Photo : Huawei

Related posts

Leave a Comment

VOM News

FREE
VIEW