မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မှတ်ချက်စကားကြောင့် တွစ်တာစီအီ;အို ဝေဖန်ခံနေရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀-၂၀၁၈

မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပေမယ့် တွစ်တာစီအီးအိုဖြစ်သူ ဂျက်ဒေါ်ဆေ ကတော့ မြန်မာနိုင်ငံဟာ ခရီးသွားဖို့ ကောင်းတဲ့ နိုင်ငံအဖြစ် မှတ်ချက်ပြု ပြောဆိုခဲ့တာကြောင့် ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျက်ဒေါ်ဆေ ဟာ တရားအားထုတ်ဖို့အတွက် လွန်ခဲ့တဲ့ လက  မြန်မာနိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တယ်လို့ ၎င်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပြီး မြန်မာလူမျိုးတွေဟာ ပျော်ပျော်နေတတ်ပြီး အစားအသောက်တွေကလည်း အလွန်ကောင်းတယ်လို့ ပြောဆိုခဲ့ပြီး  အကောင့်ရှိ ဖော်လိုဝါ လေးသန်းကိုလည်း မြန်မာနိုင်ငံကို သွားရောက် ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမယ့် ၎င်းရဲ့ ပြောဆိုချက်တွေဟာ  မြန်မာနိုင်ငံ လူနည်းစု ဘင်္ဂါလီတွေ အတိဒုက္ခရောက်ခဲ့တဲ့ အဖြစ်အပျက်တွေကို လျစ်လျူရှုခဲ့တယ်လို့ တွစ်တာသုံးစွဲသူအချို့က စွပ်စွဲပြောဆိုနေပါတယ်။

မြန်မာနိုင်ငံဟာ ပြစ်တင်ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခုလိုအချိန်မှာ  လွတ်လွတ်လပ်လပ်ပျှော်ပျှော်ရွှင်ရွှင်နဲ့ ခရီးသွားလာနိုင်တယ်လို့  ကြော်ငြာရေးပေးသလိုဖြစ်နေတယ်လို့ တွစ်တာအသုံးပြုသူတစ်ဦးက ဝေဖန်လိုက်ပြီး အခြားသုံးစွဲသူတစ်ဦးကတော့ ဂျက်ဒေါ်ဆင်က  နားပင်းကိုးကား ရေးသားထားတာဖြစ်တယ်လို့ လည်း တုံ့ပြန်ရေးသားထားပါတယ်။

တွစ်တာစီအီးအိုရဲ့  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီလို ပြောဆိုတာဟာ အလွန်တာဝန်မဲ့တဲ့ ထောက်ခံမှုပေးတာဖြစ်တယ်လို့ သုံးစွဲသူတစ်ဦးက ဝေဖန်ရေးသားထားသလို ကိုယ်ပိုင်တွစ်တာ ပလက်ဖောင်းကို အသုံးပြုပြီး လူစိတ်မ၀င်စားတဲ့ သတင်းတွေနဲ့ တွစ်တာမှာ အုပ်အော်သောင်းနင်းဖြစ်အောင် လုပ်နေတာလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဘင်္ဂလီဒုက္ခသယ်တွေနဲ့  တွေ့ဆုံ မေးမြန်းခဲ့တဲ့ မိုဟာမက်ဂျမ်ဂျွန်အယ်ဂျားဇီးယား သတင်းဌာနက သတင်းထောက် မိုဟာမက်ဂျမ်ဂျွန် ကတော့ ဂျက်ဒိုဆေရဲ့ ဒီမှတ်ချက်ပြုစကားနဲ့ ပတ်သက်ပြီး ပြောစရာ စကားလုံးမရှိအောင် ဖြစ်ရတယ်လို့ တုန့်ပြန်ရေးသားပါတယ်။

တွစ်တာမှာ ဒီလိုဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ဂျက်ဒေါ်ဆေ ကတုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့တာမရှိပေမယ့်လည်း ၎င်းရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြသွားမှာဖြစ်တယ်လို့ အစောပိုင်းက ရေးသားထားပါတယ်။

#voiceofmyanmar#တွစ်တာစီအီးအို#ဝေဖန်ခံရ#

Ref :BBC

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW