ကန့်ဘလူမြို့နယ်မှာ NLDပါတီ မဲဆွယ်တဲ့ကား ၁ စီး မီးလောင်၊ လူ ၁၅ ယောက် ဒဏ်ရာရ

ကန့်ဘလူမြို့နယ်မှာ NLDပါတီ မဲဆွယ်တဲ့ကား ၁ စီး မီးလောင်၊ လူ ၁၅ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၁၁-၂၀၂၀
ကိုတိုးကြီး (VOM)

ကန့်ဘလူမြို့နယ်၊ ရွာမ – အင်းလယ်ကြီးသွားတဲ့ကားလမ်း၊ အင်းလယ်ကြီးကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်အကွာနေရာမှာ မနေ့ အောက်တိုဘာ ၁၀ရက်နေ့ ညနေပိုင်းက NLD မဲဆွယ်စည်းရုံးရေး ယာဉ်တန်းထဲက ခြောက်ဘီးကားတစ်စီး မီးလောင်ခဲ့ပြီး လူ ၁၅ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်ကပြောပါတယ်။

အင်းလယ်ကြီးကျေးရွာမှာနေတဲ့ ဦးအောင်ထွန်းဆိုသူက NLD ပါတီ မဲဆွယ်စည်းရုံးရေး အတွက် ကားပေါ်မှာ အသံချဲ့စက်၊ မီးစက်နဲ့ ပါတီဝန်းရံထောက်ခံသူ လူ ၂၀ ယောက်ကို တင်ဆောင်ပြီး မောင်းနှင်လာခဲ့ရာ အသံချဲ့စက်ဖွင့်ဖို့ မီးစက်နိုးတဲ့အခါ မီးစက်ဒိုင်နမိုကနေ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” ကားနောက်ပိုင်းပေါ်မှာ မီးစက်ကစပြီး မီးလောင်တော့ ကားပေါ်က လူတွေက ခုန်ချတယ် ၊ နောက်ပြီး ကားပေါ်က ပစ္စည်းတွေကို ကားလှန်ပြီးချလိုက်တယ် ၊ မီးလောင်ဒဏ်ရာရ လူနာ ကျား ၆ ယောက် ၊ မ ၉ ယောက် ၊ ပေါင်း ၁၅ ယောက်ဖြစ်တယ်။ သူတို့ကတော့ ကန့်ဘလူ ကုတင်-၁၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတယ်”လို့ အဲ့ဒီ မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါခဲ့သူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေထဲက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် ကန့်ဘလူပြည်သူ့ဆေးရုံ ကုတင်-၁၀၀ မှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

” မီးစတင်လောင်ခဲ့တာ မီးစက်ကဖြစ်တာကြောင့် မီးစက်ကိုင်တဲ့သူ ကိုဖိုးပိတ် ဆိုသူကို အမှုဖွင့် အရေးယူထားတယ်”လို့ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်ကလည်း သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်း – တကောင်းသွားတဲ့ကားလမ်းပေါ်မှာ NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ယာဉ်တန်းမှာပါတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့လို့ လူတစ်ယောက်သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်း ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူ #NLDမဲဆွယ်ယာဉ်တန်း #ကားတစ်စီးမီးလောင်

Zawgyi

ကန႔္ဘလူၿမိဳ႕နယ္မွာ NLDပါတီ မဲဆြယ္တဲ့ကား ၁ စီး မီးေလာင္၊ လူ ၁၅ ေယာက္ ဒဏ္ရာရ

ေအာက္တိုဘာ ၁၁-၂၀၂၀
ကိုတိုးႀကီး (VOM)

ကန႔္ဘလူၿမိဳ႕နယ္၊ ႐ြာမ – အင္းလယ္ႀကီးသြားတဲ့ကားလမ္း၊ အင္းလယ္ႀကီးေက်း႐ြာရဲ႕ အေနာက္ဘက္ ၁ မိုင္အကြာေနရာမွာ မေန႔ ေအာက္တိုဘာ ၁၀ရက္ေန႔ ညေနပိုင္းက NLD မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းထဲက ေျခာက္ဘီးကားတစ္စီး မီးေလာင္ခဲ့ၿပီး လူ ၁၅ေယာက္ ဒဏ္ရာရရွိခဲ့တယ္လို႔ စစ္ကိုင္းတိုင္းမီးသတ္ဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉး ဦးေက်ာ္ေက်ာ္ႏိုင္ကေျပာပါတယ္။

အင္းလယ္ႀကီးေက်း႐ြာမွာေနတဲ့ ဦးေအာင္ထြန္းဆိုသူက NLD ပါတီ မဲဆြယ္စည္း႐ုံးေရး အတြက္ ကားေပၚမွာ အသံခ်ဲ႔စက္၊ မီးစက္နဲ႔ ပါတီဝန္းရံေထာက္ခံသူ လူ ၂၀ ေယာက္ကို တင္ေဆာင္ၿပီး ေမာင္းႏွင္လာခဲ့ရာ အသံခ်ဲ႕စက္ဖြင့္ဖို႔ မီးစက္ႏိုးတဲ့အခါ မီးစက္ဒိုင္နမိုကေန လွ်ပ္စစ္ဝါယာေရွာ့ခ္ျဖစ္ၿပီး မီးေလာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” ကားေနာက္ပိုင္းေပၚမွာ မီးစက္ကစၿပီး မီးေလာင္ေတာ့ ကားေပၚက လူေတြက ခုန္ခ်တယ္ ၊ ေနာက္ၿပီး ကားေပၚက ပစၥည္းေတြကို ကားလွန္ၿပီးခ်လိုက္တယ္ ၊ မီးေလာင္ဒဏ္ရာရ လူနာ က်ား ၆ ေယာက္ ၊ မ ၉ ေယာက္ ၊ ေပါင္း ၁၅ ေယာက္ျဖစ္တယ္။ သူတို႔ကေတာ့ ကန႔္ဘလူ ကုတင္-၁၀၀ ေဆး႐ုံမွာ ေဆးကုသမႈခံယူေနၾကတယ္”လို႔ အဲ့ဒီ မဲဆြယ္စည္း႐ုံးေရးယာဥ္တန္းမွာ လိုက္ပါခဲ့သူတစ္ဦးက ေျပာပါတယ္။

ဒဏ္ရာရတဲ့သူေတြထဲက အမ်ိဳးသား ၂ ေယာက္နဲ႔ အမ်ိဳးသမီး ၅ ေယာက္ဟာ ဒဏ္ရာျပင္းထန္တာေၾကာင့္ ကန႔္ဘလူျပည္သူ႔ေဆး႐ုံ ကုတင္-၁၀၀ မွာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

” မီးစတင္ေလာင္ခဲ့တာ မီးစက္ကျဖစ္တာေၾကာင့္ မီးစက္ကိုင္တဲ့သူ ကိုဖိုးပိတ္ ဆိုသူကို အမႈဖြင့္ အေရးယူထားတယ္”လို႔ ကန႔္ဘလူၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးက ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ပထမပတ္ကလည္း သပိတ္က်င္းၿမိဳ႕နယ္၊ သပိတ္က်င္း – တေကာင္းသြားတဲ့ကားလမ္းေပၚမွာ NLD ပါတီေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးေရး ယာဥ္တန္းမွာပါတဲ့ ကားတစ္စီးတိမ္းေမွာက္ခဲ့လို႔ လူတစ္ေယာက္ေသဆုံးၿပီး လူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ျဖစ္စဥ္ေတြလည္း ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ကန္႔ဘလူ #NLDမဲဆြယ္ယာဥ္တန္း #ကားတစ္စီးမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW