မူဆယ်မှာ ၅ ရက်အတွင်း အသံမိုင်း ၂ကြိမ်ခွဲခံရ

နိုဝင်ဘာ ၂၉-၂၀၂၀

Voice of Myanmar

တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ်   နယ်မြေ ၅  ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဦးလွေလွင်ရဲ့ နေအိမ်မှာ ဒီကနေ့  နိုဝင်ဘာလ ၂၉ ရက် မနက် ၆ နာရီခွဲအချိန်ခန့်က အသံမိုင်းတလုံးပေါက်ကွဲခဲ့ပါတယ်။

အသံမိုင်းပေါက်ကွဲခဲ့တဲ့နေရာကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ ခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်စစ်ဆေးချက်အရ ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းနေအိမ် ခြံဝန်းအတွင်းကို လူတစ်ဦးက အထုပ်တစ်ထုပ်ပစ်သွင်း ဖေါက်ခွဲတာဖြစ်ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မူဆယ်မြို့မစခန်းရဲ့ စခန်းမှူး ဒုရဲမှူးသန့်ဇော်ဦးကိုမေးကြည့်တော့

“ဖြစ်စဉ်မှန်ပါတယ်၊ ကျနော်တို့ စစ်ဆေးနေဆဲဖြစ်လို့ အသေးစိတ်မဖြေနိုင်သေးတာ နားလည်ပေးပါ နောက်မှထပ်ဆက်ပါလို့” ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့်  အလျား ၁၇ ပေ အနံ ၁၄ ပေခန့်  လုံခြုံရေးအစောင့်အဆောက်အဦး အပေါ်မျက်နှာကျက်မှာ ပျက်စီးခဲ့ပြီး   ၂ ပေပတ်လည် တွင်းအနက် ၁ လက်မခန့် ချိုင့်ခွက်ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် အဖွဲ့စပေါင်းစုံက စုံစမ်းစစ်ဆေးနေပြီး ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ည ၈ နာခွဲအချိန်ခန့်ကလည်း မူဆယ်မြို့က လုံထန်ပြည်သူ့စစ်ခေါင်ဆောင်ရဲ့ နေအိမ်ခြံဝန်းအတွင်းကို  ဆိုင်ကယ်စီးလာတဲ့ လူ ၂ယောက်က အသံမိုင်းတစ်လုံးပစ်သွင်းဖေါက်ခွဲ့လို့  အလုပ်သမားတန်းလျား  အခန်းတစ်ခန်းပျက်စီးခဲ့မှုဖြစ်စဥ်ရှိခဲ့သေးပြီး တရားခံ ဖေါ်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။

#voiceofmyanmar  #VOM #မူဆယ်အသံမိုင်းကွဲ

မူဆယ္မွာ ၅ ရက္အတြင္း အသံမိုင္း ၂ႀကိမ္ခြဲခံရ

ႏိုဝင္ဘာ ၂၉-၂၀၂၀
Voice of Myanmar

တ႐ုတ္ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ မူဆယ္ၿမိဳ႕ ေကာင္းမႈတုံရပ္ကြက္ ေကာင္းမႈလြယ္ရပ္ နယ္ေျမ ၅ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဝင္ေဟာင္း ဦးေလြလြင္ရဲ႕ ေနအိမ္မွာ ဒီကေန႔ ႏိုဝင္ဘာလ ၂၉ ရက္ မနက္ ၆ နာရီခြဲအခ်ိန္ခန႔္က အသံမိုင္းတလုံးေပါက္ကြဲခဲ့ပါတယ္။

အသံမိုင္းေပါက္ကြဲခဲ့တဲ့ေနရာကို နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕ေတြ၊ ခ႐ိုင္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ သြားေရာက္စစ္ေဆးခ်က္အရ ေကာင္းခါးျပည္သူ႔စစ္အဖြဲ႕ဝင္ေဟာင္းေနအိမ္ ၿခံဝန္းအတြင္းကို လူတစ္ဦးက အထုပ္တစ္ထုပ္ပစ္သြင္း ေဖါက္ခြဲတာျဖစ္ေၾကာင္း သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး မူဆယ္ၿမိဳ႕မစခန္းရဲ႕ စခန္းမႉး ဒုရဲမႉးသန႔္ေဇာ္ဦးကိုေမးၾကည့္ေတာ့
“ျဖစ္စဥ္မွန္ပါတယ္၊ က်ေနာ္တို႔ စစ္ေဆးေနဆဲျဖစ္လို႔ အေသးစိတ္မေျဖႏိုင္ေသးတာ နားလည္ေပးပါ ေနာက္မွထပ္ဆက္ပါလို” ဆိုပါတယ္။

ေပါက္ကြဲမႈေၾကာင့္ အလ်ား ၁၇ ေပ အနံ ၁၄ ေပခန႔္ လုံၿခဳံေရးအေစာင့္အေဆာက္အဦး အေပၚမ်က္ႏွာက်က္မွာ ပ်က္စီးခဲ့ၿပီး ၂ ေပပတ္လည္ တြင္းအနက္ ၁ လက္မခန႔္ ခ်ိဳင့္ခြက္ျဖစ္ေပၚခဲ့ကာ ထိခိုက္ဒဏ္ရာရရွိသူမရွိဘူးလို႔ သိရပါတယ္။

ဒီေပါက္ကြဲမႈေၾကာင့္ အဖြဲ႕စေပါင္းစုံက စုံစမ္းစစ္ေဆးေနၿပီး ပိတ္ဆို႔ရွာေဖြမႈေတြျပဳလုပ္ေနတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္ေန႔ည ၈ နာခြဲအခ်ိန္ခန႔္ကလည္း မူဆယ္ၿမိဳ႕က လုံထန္ျပည္သူ႔စစ္ေခါင္ေဆာင္ရဲ႕ ေနအိမ္ၿခံဝန္းအတြင္းကို ဆိုင္ကယ္စီးလာတဲ့ လူ ၂ေယာက္က အသံမိုင္းတစ္လုံးပစ္သြင္းေဖါက္ခြဲ႕လို႔ အလုပ္သမားတန္းလ်ား အခန္းတစ္ခန္းပ်က္စီးခဲ့မႈျဖစ္စဥ္ရွိခဲ့ေသးၿပီး တရားခံ ေဖၚထုတ္ဖမ္းဆီးႏိုင္တာ မရွိေသးပါဘူး။
#voiceofmyanmar #VOM #မူဆယ္အသံမိုင္းကြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW