အနော်ရထာ မြစ်ကူးတံတာပေါ်ကနေ အမျိုးသမီး ၁ ယောက်ခုန်ချ သေဆုံး

နိုဝင်ဘာ ၃၀-၂၀၂၀
ကိုတိုးကြီး (VOM)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နဲ့  ချောက်မြို့အကြား တည်ဆောက်ထားတဲ့ အနော်ရထာ အမည်ရှိ ဧရာဝတီ မြစ်ကူးတံတားပေါ်ကနေ ဒီကနေ့မနက် ၉ နာရီကျော်အချိန်က အမျိုးသမီးတစ်ယောက် ခုန်ချသွားတယ်လို့ ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

” တံတားအမှတ် P6 နဲ့ P7 အကြားနေရာကနေ ခုန်ချသွားတာဖြစ်တယ်။ မီးသတ်အဖွဲ့က Assault Boat ၁ စီးနဲ့ ရေလုပ်သားတွေရဲ့ စက်လှေ ၁ စီး လူအင်အား ၅၀ ဝန်ကျင်နဲ့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်တယ်၊ ၁၀ နာရီနဲ့ ၁၁ နာရီ အကြားမှာ အဲ့ဒီ အမျိုးသမီးကို သေဆုံးလျက် ကယ်တင်နိုင်ခဲ့တယ်”လို့ ဆိတ်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးဦးစီးဌာနမှ မီးသတ်ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဆိပ်ဖြူမြို့မရဲစခန်းမှာ တာဝန်မှူး တာဝန်ထမ်းနေတဲ့ ရဲအရာရှိတစ်ယောက်ကလည်း ” DB က အခုမှ ဆေးရုံရောက်တာ သေဆုံးသူရဲ့ နာမည်၊ အသက်၊ နေရပ်လိပ်စာက စုံစမ်းနေဆဲဖြစ်တယ်၊ PM လုပ်ပြီးမှ အခြေအနေသိရမှာ”လို့ ပြောပါတယ်။

အဲ့ဒီ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်ခဲ့ပြီး သင်္ဂဟ လူမှုကူညီရေးအဖွဲ့က ဆိပ်ဖြူ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Photo-ဆိပ်ဖြူမြို့နယ်မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #ဆိပ်ဖြူ #မြစ်ကူးတံတား #အမျိုးသမီးတစ်ဦးခုန်ချ

Related posts

Leave a Comment

VOM News

FREE
VIEW