အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးကို အတည်ပြုပြီ

ဒေလီ၊ ဇန်နဝါရီ-၃-၂၀၂၁
မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေး အကြီးအကျယ်ထိုးနှံမယ့် အစီအစဉ်တစ်ရပ်ကို ပြင်ဆင်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ်အသုံးပြုဖို့အတွက် တရားဝင်အတည်ပြုလိုက်ပါတယ်။

ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အရေးပေါ်အသုံးပြုဖို့အတွက် AstraZeneca နဲ့ Oxford University ထုတ်ကွယ်ဆေးနဲ့ ပြည်တွင်းအခြေစိုက် Bharat Biotech တို့ရဲ့ ကာကွယ်ဆေးတွေကို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ဖို့အတွက် အလှည့်အပြောင်းဖြစ်စေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အခုနှစ်အတွင်း ပြည်သူသန်း ၃၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။

နိုင်ငံအတွင်းမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဒသမ ၃ သန်းရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ ဒုတိယအဖြစ် ရပ်တည်နေပါတယ်။

ရောဂါကြောင့် သေဆုံးသူဟာလည်း တစ်သိန်းခွဲနီးပါးထိရှိနေပါတယ်။လူဦးရေး ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး စီမံခံ့ခွဲ ထိုးနှံမှုတွေပြုလုပ်နိုင်ဖို့ ကျန်းမာရေးလုပ်သား ကိုးသောင်းကျော်ကို ဇန်နဝါရီ ၂ ရက်နေ့မှာ နိုင်ငံတစ်ဝန်း လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဒေလီ

Related posts

✕
VOM News

FREE
VIEW