ချစ်သူနဲ့လမ်းခွဲလိုက်ရပြီဆိုတဲ့ သွန်းဆက်

ရန်ကုန် ဒီဇင်ဘာ ၂၃-၂၀၁၈

သင်းသဒ္ဒါ(VOM)

ပရိသတ်အချစ်တော် သရုပ်ဆောင် သွန်းဆက်ကတော့ ၂၀၁၈ ခုနှစ်ကတော့ ကိုယ်နဲ့ သေသေချာ ချာတွဲလာတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်ဆိုပါတယ်။

“၂၀၁၈ ကိုအရမ်းကို မုန်းတယ်။ သွန်းဆက် ငယ်ငယ်ထဲကစိတ်ညစ်စရာ သိပ်မရှိခဲ့ဘူး။ပေါ့ပေါ့ပါးပါး လေးပဲ အရာရာဖြတ်သန်းသွားဖြစ်တယ်။အဆင်ပြေတယ် စိတ်ဆင်းရဲစရာ သိပ်မရှိခဲ့ဘူး။ ၂၀၁၈ကတော့ တစ်ချိန်လုံး ငိုနေရတယ်။အမေ ကင်ဆာဖြစ်တယ်။ ချစ်သူနဲ့လက်ခွဲလိုက်ရတယ်။ ဒီနှစ်က UNLUCKY ပါပဲ “လို့ဆိုပါတယ်။

၂၀၁၈ မှာတော့ မိခင်ဖြစ်သူ ကင်ဆာရောဂါဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနနဲ့ အနည်းငယ်အဆက် အသွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ဝင်ငွေမရှိပဲ ထွက်ငွေများတဲ့နှစ်လို့လည်း ပြောလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ကလေးဆေးရုံတိုးချဲ့ဆောင်သစ်  သွေးနှင့်ကင်ဆာဌာနမှာ အလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဆေးတွေက လည်း အရမ်းပြင်းတော့ တော်တော်လေး ခံစားရတယ်။ သူ့ တို့မှာ အားငယ်စိတ်တွေလည်း အများကြီးရှိတယ်။ လူကြီးတွေထက် ကလေးတွေကပိုပြီးတော့ ခံနိုင်ရည် မရှိကြဘူး။ ကိုယ်ချင်းစာမိတာကြောင့် သွန်းဆက်က ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ကလေးတွေကို အားပေးတဲ့အနေနဲ့ ကုသိုလ်ပြုလှူဒါန်းတာပါ။ အမေကလည်း ကင်ဆာဖြစ်နေတာ ဆိုတော့ အမေ့အတွက် လှူပေးရင်နဲ့ပါ”လို့ဆိုပါတယ်။

ဓာတ်ပုံ -သင်းသဒ္ဒါ

#VOICEOFMYANMAR #သွန်းဆက်

Related posts

✕
VOM News

FREE
VIEW