ပရီးမီးယားလိဂ်ကို ဦးဆောင်ဖို့ လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဂျာဂျင်ကလော့ဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၆-၂၀၁၈
ရန်နိုင်ထွန်း (VOM)

ပရီးမီးယားလိဂ် ရာသီတစ်ဝက် ​​ကုန်ဆုံးတော့မယ့်အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်ဖို့အတွက် လီဗာပူးအသင်းမှာ ဖိအားမရှိဘူးလို့ နည်းပြဖြစ်သူ ဂျာဂျင်ကလော့က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာတော့ အနီးဆုံးပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းထက် လေးမှတ်အသာရရှိပြီး ရှုံးပွဲမရှိစံချိန်နဲ့ လီဗာပူးအသင်းက ရာသီဝက်ကို ဦးဆောင်နေတာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ အမှတ်အနည်းငယ်ဖြင့်သာ အမှတ်ပေးဇယားကိုဦးဆောင်နေတာဖြစ်တဲ့ အတွက် အောင်ပွဲခံဦးမှာမဟုတ်သလို ဒီရလဒ်အပေါ် ကျေနပ်နေမှာ မဟုတ်ဘူးလို့ နည်းပြ ဂျာဂျင်ကလော့က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ယခုရာသီမှာ သိသိသာသာနဲ့ အကောင်းဆုံးကစားသွားနိုင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ် ဒုတိယရာသီဝက်ကထက်ပိုကောင်းဖို့အတွက် ယခုရလဒ်တွေက အထောက်အကူဖြစ်စေတယ်လို့ ၎င်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၁၀ ရာသီမှာတော့ ခရစ်စမတ်ကာလမှ အမှတ်ပေးဇယား ကိုဦးဆောင်နိုင်တဲ့အသင်းဟာ ရာသီကုန်မှာ ချန်ပီယံဖြစ်သွားတဲ့ သာဓကတွေရှိနေခဲ့ပါတယ်။

ဒုတိယ ရာသီဝက်မှာ ပွဲပေါင်း ၂၀ ကစားရဦးမှာဖြစ်လို့ ယခုရလဒ်အပေါ်မှာ စိတ်ချကျေနပ်နေလို့မရကြောင်းနဲ့ ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့အတွက် အာရုံတွေထွေပြားနေမှာမဟုတ်ဘူး ပွဲအားလုံးကို အာရုံစူးစိုက်သွားမှာလို့ ဂျာဂျင်ကလော့က ပြောပါတယ်။

#voiceofmyanmar#လီဗာပူးအသင်း#ပရီးမီးယားလိဂ်ကိုဦးဆောင်ဖို့ဖိအားမရှိ​ကြောင်း​ပြော#
Ref: BBC
Photo: Getty Images

Related posts

✕
VOM News

FREE
VIEW