ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ပြည်မြို့စည်ပင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဆန္ဒပြ

ဖေဖော်ဝါရီ ၁၇-၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်မြို့က အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေဟာ အစိုးရဝန်ထမ်းအားလုံး CDM ကိုပါဝင်ပေးဖို့အတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့မှာ စည်ပင်နဲ့ မြန်မာ့စီးပွားရေးဘဏ်တွေရှေ့မှာသွားပြီး တွန်းအားပေးတောင်းဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

အင်ဂျင်နီယာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်၊ ရပ်ကွက်အလိုက်သပိတ်စစ်ကြောင်း၊ NLD ပါတီဝင်တွေရဲ့ သပိတ်စစ်ကြောင်းတွေအပြင် အလှဖန်တီးရှင်တွေက ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

လက်ရှိပြည်မြို့မှာ EPC၊ အရံမီးသတ်၊ အခြေခံပညာ၊ ပြည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ မီးရထား၊ သစ်ထုတ်လုပ်ရေး၊ ဆည်မြောင်းနဲ့ရေအသုံးအချစီမံခန့်ခွဲရေးစတဲ့ ဌာနတွေက ဌာနလုံးနီးပါး၊ ပြည်ဆေးရုံကြီး လက်ထောက်ဆရာဝန်တွေနဲ့ စည်ပင်ရုံးက ဝန်ထမ်း ၁၄ ယောက်တို့က CDM လှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပြည်မြို့ #ဆန္ဒပြပွဲ #CDM

ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ ပြည်မြို့စည်ပင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW