ကလေးlဇန်နဝါရီဝါရီ ၁-၂၀၁၉
သူရိယထက်
ကလေးခရိုင်အတွင်း ၂၀၁၈ခုနှစ် ဇန်နဝါရီလမှစတင်၍ နှစ်ကုန်ပိုင်းအထိ ကလေးခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လာရောက်တိုင်ကြားမှု ၄ ခုရှိခဲ့ကြောင်း ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးမှူးဦးစိုးအောင်က ပြောသည်။
အဆိုပါအမှု ၄ မှုမှာ 4 TV ၂ မှု l Online Shop ၁ မှုနှင့်တယ်လီနောဖုန်း ဝိုင်ဖိုင် ၁ မှု စုစုပေါင်း ၄ မှုဖြစ်သည်။
“ဒီလေးမှုကို အရေးယူဖို့ တိုင်ကြားတယ်၊၂ မှုကတော့ ရုံးချုပ်ထိ တိုင်ကြားတယ်၊ ဒါပေမယ့် ကျနော်တို့ဆီပဲ ပြန်လွှဲပေးခဲ့တယ်၊စားသုံးသူကို နှစ်ကြိုက်အောင်လုပ်ပေးတယ်ဆိုရင် ဒါကအဓိကတော့ အရေးယူမှုတစ်ခုပါပဲ၊ အဓိကတော့ စားသုံးသူမနစ်နာရေးပဲ၊ နဂိုက ဒါမျိုးတွေမရှိခဲ့ဘူး၊ ရောင်းတဲ့သူက ပစ္စည်းတစ်ခုလဲမပေးဘူးကွာ မတတ်နိုင်ဘူးကွာ ဒီလိုပဲပြီးခဲ့ကျတာ၊ စားသုံးသူရဲ့ အကာအကွယ်ပေးတဲ့ဌာနလဲပေါ်လာပြီ၊ ဥပဒေတွေကလဲ ပေါ်လာပြီဆိုတော့ စားသုံးသူကရေဆုံးကန်းဆုံလိုက်တဲ့အခါမှာ ပြန်ပြီး အလျော်အစားတွေ ပေးရတယ်”လို့ ဦးစိုးအောင်ကပြောသည်။
စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူများနှင့်ရောင်းသူခြားမှာ အဆင်ပြေအောင် လုပ်ပေးသည့် အဓိကဌာနဖြစ်သည်။
ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စာသင်ကျောင်းများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ဈေးဆိုင်ပိုင်ရှင်များ၊ဌာနဆိုင်များ၊ကုမ္ပဏီများ၊အသင်းအဖွဲ့များနှင့်ပြည်သူများ သိရှိဖို့ ဟောပြောပွဲများ ပြုလုပ်ခဲ့တယ်လို့ သိရသည်။
ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့
စားသောက်ကုန်နှင့်ကုန်စည်များကို မြန်မာစာဖြင့်ဖော်ပြပေးရန် အသိပေးထားပြီး မလိုက်နာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
#voiceofmyanmar#ကလေးခရိုင်#စားသောက်ရေးရာတိုင်ကြားမှု#