လွိုင်ကော်မြို့ ဆန္ဒပြပွဲမှာ ပထမဆုံးကျဆုံးခဲ့သူ အမျိုးသားရဲ့စျာပန

မတ် ၂၁-၂၀၂၁
KLY(VOM)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ပထမဆုံးကျဆုံးခဲ့တဲ့ မှိုင်းလုံးရပ်ကွက်သား ဦးရှန်ပု(ခ)ဦးကြံအောင်ရဲ့ရုပ်အလောင်းကို ဒီကနေ့ မနက် ၁၁နာရီက မီးသင်္ဂြိုလ်ပြီး ဂူးသွင်းခဲ့တယ်လို့ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ကနေ သ်ိရပါတယ်။

” လေးမိုင် သင်္ချိုင်းမှာ မီးသင်္ဂြိုလ်ပြီးမှ အရိုးပြာကို ဂူသွင်းပါတယ်။ သူကမတ်၁၉ ရက်နေ့ မှိုင်းလုံးသပိတ်မှာ ကျဆုံးခဲ့ရတာဖြစ်ပြီး အဲ့ဒီနေ့က သူနာပြုဆရာမတစ်ဦးလည်း ကျည်ထိမှန်ပေမယ့် ပေါင်ပဲ ထိခဲ့တာပါ”လို့ ရွှေလွိုင်ကော်ပရဟိအဖွဲ့မှ ဦးကျော်ကပြောပါတယ်။

လွိုင်ကော်မြို့နယ်မှာ မတ် ၁၉ ရက် မှိုင်းလုံးသပိတ်စစ်ကြောင်းမှာလိုက်ပါခဲ့တဲ့ မှိုင်းလုံးရပ်ကွက််မှ ဦးရှန်ပု(ခ)ဦးကြံအောင် (၄၇ နှစ်)ဟာ ဆီးစပ်နေရာကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပြီးသိပ်မကြာခင် နေ့လယ်ပိုင်းမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက မှိုင်းလုံးသပိတ်နဲ့ ချိကယ် သပိတ်စစ်ကြောင်းတွေကို စစ်တပ်နဲ့ရဲက စက်ယန္တယားတွေနဲ့ အတားဆီးတွေကို ဖယ်ရှားရှင်းလင်းပြီးမကြာခင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်ခဲ့တဲ့ ဦးရှန်းပု(ခ)ဦးကြံအောင်ရဲ့စျာပ
နအခမ်းနားကို လွိုင်ကော်မြို့နယ်လေးမိုင် သင်္ချိုင်းမှာအခမ်းနားနဲ့တကွကျင်းပခဲ့တာဖြစ်ပြီး ဒေသခံတွေ တက်ကြွလှုပ်ရှားသူတွေနဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်း လူဦရေး သောင်းနဲ့ချီပြီး လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo-ဂူးဂူး
#voiceofmyanmar #VOM #လွိုင်ကော် #ပထမဆုံးကျဆုံးသူ #ဦးရှန်ပု

Related posts

Leave a Comment

VOM News

FREE
VIEW