မုံရွာမှာ လမ်းဘေးအမှိုက်ကန်ထဲက အမည်မသိ ရုပ်အလောင်း ၁ လောင်းတွေ့

မုံရွာ-ဧပြီ ၁၃ ၊ ၂၀၂၁

ကိုတိုးကြီး (VOM)

 

စစ်ကိုင်းတိုင်း မုံရွာမြို့ အလယ်ရပ်ကွက် ပြည်ထောင်စုလမ်း အရင် အခွန်လွတ်စျေး နေရာက. အမှိုက်ကန်ထဲမှာ ဒီမနက် အစောပိုင်းက အမည်မသိ ရုပ်အလောင်း တစ်လောင်းတွေ့ရတယ်လို့ စည်ပင်ဝန်ထမ်း အသိုင်းအဝိုင်းကနေ သိရပါတယ်။

သတင်းအတည်ပြုချက်ရရှိဖို့ မုံရွာမြို့မရဲစခန်းကို VOM က မေးမြန်းတဲ့အခါ ရဲအရာရှိတစ်ယောက် ပြောပြတာက ” သေဆုံးသူကအသက် ၄၀ နှစ် ဝန်းကျင် အမည်မသိ ရုပ်အလောင်းဖြစ်ပြီး ပြင်ပ ဒဏ်ရာတွေပါတယ် သေဆုံးရတဲ့အကြောင်းကတော့ ရင်ခွဲစစ်ဆေးရဦးမယ် ” လို့ ဖြစ်ပါတယ်။

 

အမှိုက်ကန်ထဲကတွေ့ရှိရတဲ့ အဲ့ဒီရုပ်အလောင်းကို မုံရွာပြည်သူဆေးရုံကြီး ရင်ခွဲတိုက်သို့ ပို့ဆောင်ထားရာ ရင်ခွဲတိုက်က PR 095 အရ လက်ခံထားရှိတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မတ်ထဲကလည်း မုံရွာမြို့ရှောင်လမ်းဘေးမှာ အသက် ၄ဝ အရွယ် အမည်မသိတစ်ယောက် ပြင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ရပါသေးတယ်။

 

#voiceofmyanmar #VOM #မုံရွာအမည်မသိအလောင်းတလောင်းတွေ့

 

Related posts

Leave a Comment

VOM News

FREE
VIEW