မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံဒုနိုင်ငံခြားရေး၀န်ကြီးကို ခန့်အပ်

ဗန်ကောက်၊ သြဂုတ်-၄-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး Erywan Yusof ကိုအာဆီယံအဖွဲ့က ခန့်အပ်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်လေးဦးက ရိုက်တာကိုပြောပါတယ်။
 
ဒါပေမယ့် မြန်မာအာဏာပိုင်တွေကတော့ အထူးသံတမန်အဖြစ် ထိုင်းလက်ထောက်နိုင်ငံခြားရေး၀န်ကြီးဟောင်း Virasakdi Futrakul ကိုခန့်အပ်ဖို့လိုလားနေတာကြောင့် Erywan Yusof ကိုခန့်အပ်ရေး နှောင့်နှေးနေတာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်းမှာလည်း မတူကွဲပြားမှုတွေ လအတန်ကြာဖြစ်ပေါ်ခဲ့ပါတယ်။
 
အထူးသံတမန်ဟာ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံတွေကြားမှာ အကြမ်းဖက်မှုတွေလျှော့ချဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ပေးဖို့ အားထုတ်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိဖို့အတွက် အဖွဲ့၀င် ၁၀ နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့က သံတမန်ရေးရာအားထုတ်မှုတွေကို ဦးဆောင်မှုပြုဖို့ တရုတ်၊ အမေရိကန်အပါအ၀င် ကုလသမဂ္ဂနဲ့ နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။
 
Ref : Reuters
Photo: ST
#voiceofmyanmar #vom #ဗန်ကောက်

Related posts

✕
VOM News

FREE
VIEW