ဟေတီမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၃၀၀ ကျော်သေဆုံး

ပို့အော့ပရင့်၊ သြဂုတ်-၁၅-၂၀၂၁
မျိုးဆက် (VOM)
 
ဟေတီနိုင်ငံမှာ မနေ့ သြဂုတ် ၁၄ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၃၀၄ ဦးထက်မနည်းသေဆုံးသွားပြီး ၁၈၀၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။
 
အင်အား ၇ ဒသမ ၂ အဆင့်ရှိတဲ့ အင်အားပြင်းမြေငလျင်ဟာ သြဂုတ် ၁၄ ရက်နံနက်ပိုင်းက နိုင်ငံအနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်း၊ ဟိုတယ်တွေအပါအ၀င် အဆောက်အဦများစွာ ပြိုကျ ပျက်စီးခဲ့ပါတယ်။
 
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာရှိတယ်လို့ ဟေတီ၀န်ကြီးချုပ်က ပြောဆိုပြီး နိုင်ငံအရေးပေါ်အခြေအနေ ကို တစ်လကြာ ကြေညာခဲ့ပါတယ်။
 
ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေမှ ပြန်လည်နာလန်ထူဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
 
သြဂုတ် ၁၄ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ စိန့်လူး၀စ်ဒူဆပ်မြို့မှ ၁၂ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိလေ့လာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ပို့အော့ပရင့်

Related posts

✕
VOM News

FREE
VIEW