နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်လို့ ပိုပြီးယုံကြည်မှုရှိတယ်ဆိုတဲ့ ရတနာဗို

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉

သင်းသဒ္ဒါ (VOM)

အနုပညာပျိုခင်း ၂ က သရုပ်ဆောင် ရတနာဗိုကတော့ တကယ်လိုအပ်တယ်ထင်လို့ နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်တာပါ လို့ဆိုပါတယ်။

‘ဗို နှာခေါင်းလေး ခွဲစိတ်ပြုပြင်လိုက်တော့ သူငယ်ချင်းတွေကလည်း လှတယ်လို့ပြောကြပါတယ်။  ဗိုရဲ့ နားက အရိုးနုလေးကို ခွဲစိတ်ပြီးတော့ နှာခေါင်းမှာထည့်တာပါ။ ဒီလိုပြုပြင်လိုက်တော့ ဗိုလ် အနေနဲ့ ပိုပြီးတော့ယုံကြည်မှုရှိသွားတာပေါ့နော်”လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာပဲ ထိုင်ဝမ်က ခွဲစိတ်ကျွမ်းကျင်နသူနဲ့ ပြုပြင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။  သူမတော့ လတ်တလော မင်းသား သျှိုင်းဇေ အန်ကယ်လေး လူမင်းနဲ့ နွံဆိုတဲ့ ဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးနေပြီးတော့  ရုပ်ရှင်ကားကြီးလည်း ဖေဖော်ဝါရီလမှာ ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

အလှအပနဲ့ စပ်လျဉ်းပြီးတော့ ”အရင်ကတော့ အသားအရည်နဲ့ ပတ်သက်ရင် ဂရုမစိုက်ဖြစ်ပါဘူး။ခုနောက်ပိုင်း အသားအရည် ကြည်အောင် အိမ်မှာရှားဇောင်းလက်ပတ်ပင်က အသားလေးနဲ့ မျက်နှာကို တိုက်ပေးဖြစ်ပါတယ် ။စလိမ်းလိမ်းချင်းမှာတော့ မျက်နှာပေါ်မှာ အဖုလေးတွေပေါက်လာပေမယ့် ဆက်တိုက် ရှားဇောင်းလက်ပတ်ကို ဆက်လိမ်းချယ် အသားအရည် တင်းရင်းပိုကြည်လာပါတယ်။  ဒါကြောင့် ကိုယ့် ချစ်တဲ့ ပရိသတ်ကို ဗိုအသားအရည်ထိန်းသိမ်း ပတ်သက်ပြီး ပြန်လည်ဝေမျှပါတယ်”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#ရတနာဗို

Related posts

✕
VOM News

FREE
VIEW