ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းကို ပုဂံဒေသခံများ ကန့်ကွက်

ဇန်နဝါရီ ၁၉၊ ၂၀၁၉

အောင်မြင့် (VOM)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ယဉ်ကျေးမှုဒေသများ ထိန်းသိမ်းရေး ဥပဒေမူကြမ်းဟာ ပုဂံယဉ်ကျေးမှုနယ်မြေလို နေရာမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေကို အခက်အခဲတွေ ဖြစ်စေတယ်ဆိုပြီး ပုဂံဒေသခံတွေက ကန့်ကွက်နေကြတာပါ။

ဒီဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ အချက်အလက်တွေဟာ ရှေးဟောင်းအဆောက်အဦတွေ၊ စေတီပုထိုးတွေကို အမှန်တကယ်ကာကွယ်ပေးနိုင်မှု အားနည်းနေတဲ့အပြင်၊ တဖက်မှာလည်း ရှေးဟောင်းဇုံနဲ့ လွတ်ကင်းတဲ့ ပတ်ဝန်းကျင်က ဒေသခံတွေအတွက် နေအိမ်ဆောက်တာ၊ ခြံစည်းရိုးခတ်ဖို့ မြေကျင်းတူးတာလိုမျိုးတွေမှာ ခက်ခဲမှုတွေ ဖြစ်လာစေတာကြောင့်၊ ဒီဥပဒေကို ပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ဒီဥပဒေဟာ ဘယ်လို အားနည်းချက်တွေရှိနေလဲ၊ ဒေသခံတွေကို ဘယ်လိုတွေ အခက်အခဲဖြစ်နေစေသလဲ ဆိုတာတွေကို အောင်မြင့်က ရိုက်ကူးပေးပို့ထားပါတယ်။

Related posts

✕
VOM News

FREE
VIEW