မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးကို ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ခန့်အပ်

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ အထူးသံတမန်အဖြစ် နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အကြံပေးတဦးဖြစ်တဲ့ Pornpimol Pauline Kanchanalak ကိုခန့်အပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တာ၀န်တွေလျော့ကျစေဖို့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိထားတဲ့ မစ္စ Pornpimol ကို အခုလိုရာထူးခန့်အပ်လိုက်တာဖြစ်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Don Pramudwinai ကပြောပါတယ်။

သူမအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းတာ၀န်အချို့ကိုသာ တာ၀န်ယူမှာဖြစ်ပြီး အခြားသောလုပ်ငန်းတာ၀န်တွေနဲ့ ထပ်မနေဘူးလို့ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။

သူမဟာ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထိပ်တန်းအကြံပေးအဖြစ် အဓိကအခန်းကဏ္ဍမှာပါ၀င်နေခဲ့ပေမယ့် နိုင်ငံရပ်ခြားမှာပြုလုပ်တဲ့ အဆင့်အရာရှိတွေနဲ့ ဆွေးနွေးမှုတွေမှာ သူမမပါ၀င်ဖို့ ကန့်သတ်ချက်တွေရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်ရှိရာထူးသစ်ကြောင့် အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး ဒီလိုရာထူးမျိုးကို ဥရောပသမဂ္ဂမှာလည်း ခန့်အပ်လေ့ရှိကြောင်း Don Pramudwinai ကပြောပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုအဖွဲ့အစည်းနဲ့ အမျိုးသားလုံခြုံရေးတို့မှာ ထိုင်းနိုင်ငံအတွက် မဟာဗျူဟာမြောက်အရေးပါနေပြီး ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ မူဝါဒနဲ့ကိုက်ညီစေရေး သေချာစေဖို့အတွက် မစ္စ Pornpimol ဟာ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: Bangkok Post
Photo: Ministry of Foreign Affairs
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

✕
VOM News

FREE
VIEW