သက်တော်ရှည် လူထုကြီးပွားရေးစာအုပ်တိုက်

ဆူးငှက် မန္တလေးမှာ စာ,နယ်,ဇင်းလုပ်ငန်းနဲ့ စာအုပ်ထုတ်ဝေရေးတွေ ရှေးကတည်းက ဖြစ်ထွန်းအားကောင်းခဲ့တာပါ။ လက်လှမ်းမီသလောက်ပြောရရင် (၁၈၇၄) ရတနာပုံနေပြည်တော်သတင်းစာ။ (၁၈၈၆) မန္တလေးတိုင်းသတင်းစာ။ (၁၈၈၇) မန္တလေးဟာရယ်သတင်းစာ။ (၁၈၉၉) အထက်ဗမာပြည်ဂေဇက်။ (၁၉၀၀) ဗမာ့တာရာသတင်းစာ။ (၁၉၀၇) ဘားမားခရစ်တစ်သတင်းစာ။ (၁၉၁၁) ရတနာပုံ မဂ္ဂဇင်း။ (၁၉၁၇) စီပီ မဂ္ဂဇင်း။ (၁၉၂၀) တိုင်းချစ်သတင်းစာ။ (၁၉၂၁) နေပြည်တော်ဂျာနယ်။ (၁၉၂၁) ဟုမ္မရူးသတင်းစာ။ (၁၉၂၇) မန္တလေးသူရိယ။ (၁၉၂၇)မြန်မာ့ဦးစွန်း။ (၁၉၄၀) ကြီးပွားရေးဂျာနယ်။ (၁၉၄၅) လူထုဂျာနယ်။ (၁၉၄၆) လူထုသတင်းစာ။ (၁၉၅၀) မန်းခေတ်သတင်းစာ။ (၁၉၅၀)မြန်မာ့လမ်းစဉ်။ (၁၉၅၀) ရွှေမန်းစာဆိုစာစောင်။ (၁၉၅၀)ရွှေမန်းအောင်စည်သတင်းစာ။ (၁၉၅၀) ဟစ်တိုင် သတင်းစာ။ (၁၉၆၀) ရွှေမန်းစည်တော်။ (၁၉၆၀)ရွှမန်းပြည်ကျော်။ (၁၉၆၅) မန္တလာစာစောင်။ (၁၉၆၆) မန္တလေးဂျာနယ်(တိမ်ကြားမင်းခေါင် ဦးစီး)စတာတွေဟာ မန္တလေးမြို့ထုတ် သတင်းစာ၊ စာစောင်၊…

Read More

ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် မြန်မာစစ်တပ်အရာရှိလေးဦးကို ဂျပန်အစိုးရ လက်ခံထား

တိုကျို၊ ဧပြီ-၂၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေပြုနေတဲ့ကြားမှ ဂျပန်အစိုးရဟာ ယခုနှစ်အတွင်း ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် မြန်မာစစ်တပ်မှ အရာရှိလေးဦးကို လက်ခံထားကြောင်း သိရသည်။ မြန်မာစစ်တပ်မှ အရာရှိသုံးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒီမီတက်ရောက်ဖို့ လက်ခံခဲ့ပြီး နောက်တဦးကကိုတော့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ အရာရှိလောင်းကျောင်း တက်ရောက်ဖို့လက်ခံခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက ဧပြီ ၂၆ ရက်မှာပြုလုပ်တဲ့ ဂျပန်ပြည်သူ့လွှတ်တော် လုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်ကို ဂျပန်နိုင်ငံရဲ့ အစီအစဉ်တွေမှာ ဆက်လက်ပါ၀င်ခြင်းကို ခွင့်ပြုခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနအနေနဲ့ မျိုးစုံဆွေးနွေးမှုပြုခဲ့တယ်လို့ ၀န်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။ ဒီသင်တန်းသားတွေကို ဒီမိုကရေစီနိုင်ငံတခုမှာ အဖွဲ့အစည်တရပ်ရဲ့ အလုပ်လုပ်ပုံအကြောင်း စေ့စေ့စပ်စပ်သင်ကြားပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအနာဂါတ်ကို ပြန်လည်ထူထောင်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကီရှီဒါက ဧပြီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ…

Read More

တရုတ်မှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါ လူတွေဆီကို ပထမဆုံးကူးစက်မှု ဖြစ်ပွား

ပေကျင်း၊ ဧပြီ-၂၇-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါဟာ လူတွေဆီကိုပထမဆုံး ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။ ဒါပေမယ့်လည်း ဒီရောဂါဟာ လူတွေကြားထဲကို ကူးစက်ပျံ့နှံ့နိုင်ခြေနည်းတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ H3N8 ကြက်ငှက်တုပ်ကွေးရောဂါကို မြောက်အမေရိကရှိ ငှက်တွေမှာ ပထမဆုံးတွေ့ရှိပြီးနောက် ၂၀၀၂ ခုနှစ်မှာ ပျံ့ပွားလာခဲ့ကာ မြင်းတွေ၊ ခွေးတွေနဲ့ ဖျံတွေကို ကူးစက်နိုင်ပေမယ့်လည်း လူတွေကိုကူးစက်မှုတော့ ယခင်က မရှိခဲ့ပါဘူး။ ဟီနန်ပြည်နယ်မှာနေထိုင်တဲ့ အသက် လေးနှစ်အရွယ် ကောင်လေးတဦးဟာ အဖျားတက်ခြင်းနဲ့ အခြားလက္ခဏာတွေပြသနေလို့ ယခုလအစောပိုင်းမှာ ဆေးရုံတက်ခဲ့ပြီးနောက် သူ့မှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကလေးငယ်ရဲ့ မိသားစုဟာ ကြက်တွေမွေးမြူထားပြီး တောဘဲတွေအများအပြား ကြက်စားရှင်သန်တဲ့နေရာမှာ နေထိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီကလေးငယ်နဲ့…

Read More

ကလေးမြို့နယ် မြစ်သာမြစ်ကူး(ယာယီ)တံတား ကျိုးကျလို့ တိုက်ပွဲရှောင်သူ ၆ ဦး ပြုတ်ကျသေဆုံး

ဧပြီ ၊ ၂၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း ဒိုးနွယ်ကျေးရွာရဲ့အရှေ့ဘက်၊ မြစ်သာမြစ်ကူးတံတားဟာ ဒီကနေ့မနက်ပိုင်းက ကျိုးကျသွားတာကြောင့် လူ ၆ ဦးသေဆုံးခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” တံတားက မြစ်သာမြစ်ကို ဖြတ်ကူးဖို့ ဝါးနဲ့ ဆောက်လုပ်ထားတဲ့ ယာယီမြစ်ကူးတံတားဖြစ်တယ် ၊ ဒီမနက် အစောပိုင်းက အရှေ့စည်းဘက်က ရွာတွေကို စစ်သားတွေ ဝင်လာတယ်ဆိုပြီး လှန့်တာကြောင့် ရွာကလူတွေဟာ အစုလိုက် အပုံလိုက် မြစ်ရဲ့အရှေ့ဘက်ကမ်းကို တံတားဖြတ်ပြီး ပြေးကြတယ် ၊ အဲ့ဒီလို ပြေးရင်း တံတားကျိုးကျသွားတာပါ ၊ တံတားကျိုးကျတဲ့အထဲမှာ တိုက်ပွဲရှောင်ပြေးတဲ့ ပြည်သူ ၆ ယောက် သေဆုံးတာဖြစ်တယ် “လို့ ဒိုးနွယ်ရွာခံတယောက်က ပြောပါတယ်။ တံတားကျိုးကျပြီး မြစ်သာမြစ်ထဲ ပြုတ်ကျပျောက်ဆုံးသွားတဲ့ လူ ၆ ဦးအနက် ၊ ရင်ခွင်ပိုက်အရွယ်…

Read More

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တဦးကို ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ခန့်အပ်

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဆိုင်ရာ အထူးသံတမန်အဖြစ် နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ အကြံပေးတဦးဖြစ်တဲ့ Pornpimol Pauline Kanchanalak ကိုခန့်အပ်လိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ တာ၀န်တွေလျော့ကျစေဖို့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိထားတဲ့ မစ္စ Pornpimol ကို အခုလိုရာထူးခန့်အပ်လိုက်တာဖြစ်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Don Pramudwinai ကပြောပါတယ်။ သူမအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ လုပ်ငန်းတာ၀န်အချို့ကိုသာ တာ၀န်ယူမှာဖြစ်ပြီး အခြားသောလုပ်ငန်းတာ၀န်တွေနဲ့ ထပ်မနေဘူးလို့ နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ သူမဟာ နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ထိပ်တန်းအကြံပေးအဖြစ် အဓိကအခန်းကဏ္ဍမှာပါ၀င်နေခဲ့ပေမယ့် နိုင်ငံရပ်ခြားမှာပြုလုပ်တဲ့ အဆင့်အရာရှိတွေနဲ့ ဆွေးနွေးမှုတွေမှာ သူမမပါ၀င်ဖို့ ကန့်သတ်ချက်တွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိရာထူးသစ်ကြောင့် အဲဒီကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပြီး ဒီလိုရာထူးမျိုးကို ဥရောပသမဂ္ဂမှာလည်း ခန့်အပ်လေ့ရှိကြောင်း Don Pramudwinai ကပြောပါတယ်။ မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ လူမှုအဖွဲ့အစည်းနဲ့…

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတ၀န်းရှိ အိမ်ထောင်စုတွေ လူနေမှုစရိတ်အကြပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

၀ါရှင်တန်၊ ဧပြီ-၂၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲကြောင့် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး ကုန်စျေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ဘဏ်က သတိပေးပြောဆိုလိုက်သည်။ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲအခြေအနေတွေကြောင့် သဘာ၀ဓါတ်ငွေ့မှ ဂျုံနဲ့ ဂွမ်းအထိ ကုန်စျေးနှုန်း ကြီးကြီးမားမားမြင့်တက်စေကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်သစ်မှာ ဖော်ပြထားပါတယ်။ အဲဒီလို ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် အလွန်ကြီးမားတဲ့ စီးပွားရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေ စတင်ဖြစ်ပွားနေပြီဖြစ်ကြောင်း အစီရင်ခံစာပူးတွဲရေးသားသူ ပီတာနက်ဂလီက ပြောပါတယ်။ ကမ္ဘာတ၀န်းရှိ အိမ်ထောင်စုတွေဟာ လူနေမှုစရိတ်အကြပ်အတည်းကို ရင်ဆိုင်ခံစားနေကြရကြောင်း သူကဆိုပါတယ်။ အစားအစာနဲ့ စွမ်းအင်အတွက် ၀င်ငွေဝေစုပိုမိုကြီးမားလာတဲ့အတွက် ဆင်းရဲတဲ့ အိမ်ထောင်စုတွေအတွက် အထူးစိုးရိမ်မိကြောင်းနဲ့ အထူးသဖြင့် ဒီလိုအိမ်ထောင်စုတွေဟာ ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို အထိအရှမခံနိုင်ဆုံး အုပ်စုဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် ပီတာနက်ဂလီက ပြောပါတယ်။ Ref: BBC Photo:AFP #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ဒေါ်​အောင်ဆန်းစုကြည်ကို အဂတိအမှုနဲ့ ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်

ဧပြီ ၂၇-၂၀၂၂ KT(VOM) ဒေါ်​အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ရွှေနှင့်​ဒေါ်လာအမှုအတွက် ​နေပြည်​တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးက ဒီ​နေ့ (ဧပြီ ၂၇)​မနက်ပိုင်းမှာပဲ ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်လိုက်​တယ်လို့ သိရပါတယ်။ အဲ့ဒီအမှုအတွက် တရားလိုဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်/မှူး ဦးရဲထက်ဖြစ်ပြီး အမှုကို စွဲချက်တင်​ကြောင်း ​ဖေ​ဖော်ဝါရီ ၂၈ရက်​နေ့ ရုံးချိနးမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအမှုမှာ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ (၆)သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ (၇)ပိဿာပေးခဲ့တယ်ဆိုကာ စွဲဆိုထားတဲ့အမှုဖြစ်ပြီး ထိုသို့ပေးခဲ့ကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းက ၂၀၂၁ခုနှစ် အောက်တိုဘာ (၁)ရက်နေ့ရုံးချိန်းတွင် ထွက်ဆိုထားတာဖြစ်ပါတယ်။ အဲ့ဒီထွက်ဆိုချက်အ​ပေါ် “အဓိပ္ပါယ်မဲ့”တယ်လို့ ဒေါ်​အောင်ဆန်းစုကြည်က ​အောက်တိုဘာ (၄)ရက်​နေ့မှာ မှတ်ချက်​ပေးခဲ့ပြီး ရွှေနဲ့ဒေါ်လာတွေကို ဦးဖြိုးမင်းသိန်းက ပေးအပ်ခဲ့ခြင်းမရှိဘူးလို့လည်း မတ်လ (၁၄) ရက်​နေ့ ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်ရုံးချိန်းမှာ ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ရှေ့​နေများက ​​ဦးဖြိုးမင်းသိန်းအ​နေနဲ့ အချုပ်သားဘဝဖြင့် ​ပြောဆိုခဲ့ခြင်းဖြစ်တဲ့အတွက်…

Read More

လမိုင်းမြို့မှာ အိမ်သာကျင်းဆယ်သူ ၃ ဦး အောက်စီဂျင်ပြတ်တောက်ရာက ၁ ဦးသေ ၊ ၂ ဦး အတွင်းလူနာဖြစ်

ဧပြီ ၊ ၂၆-၂၀၂၂ SP ( VOM) မွန်ပြည်နယ်၊ လမိုင်းမြို့၊ မြို့မ အမှတ် ၁ ရပ်ကွက် ၊ ဘူတာပိုင်းက နေအိမ်နစ်ခုမှာ ဒီကနေ့ ညနေ၂ နာရီဝန်းကျင်က အိမ်သာကျင်းဆယ်ယူသူ လူ ၃ ဦး အောက်စီဂျင်ပြတ်တောက်ရာက ၁ဦး သေဆုံးပြီး ကျန် ၂ ဦးမှာ အတွင်းလူနာအဖြစ် ဆေးကုသနေရတယ်လို့ လမိုင်းမြို့နယ် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” အိမ်သာကျင်း ဆယ်ယူတဲ့ လူ ၃ ယောက်က ကျင်းထဲမှာတင် အောက်စီဂျင်ပြတ်ပြီး သတိလစ်မေ့မျှောနေတာကို အသက်လုပြီး ကယ်ဆယ်တဲ့အခါ နောက်ဆုံး တယောက်ကတော့ အသက်မမှီလိုက်ဘူး ” လို့ လမိုင်း ပရဟိတလူငယ်များအဖွဲ့ ၊ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ လူ ၂ ဦးကို…

Read More

ဗန်းမောက်စစ်ဆေးရေးဂိတ်နားမှာ ပစ်ခတ်တာတွေ ဖြစ်ပြီး ဒုရဲအုပ် ၁ ဦး အပါအဝင် ရဲ ၂ ဦး ၊ မီးသတ် ၁ ဦး သေဆုံး

ဧပြီ ၊ ၂၆ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ ၊ မြို့ဝင် စစ်ဆေးရေး ဂိတ်နားမှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်တာတွေဖြစ်ပြီး စက်သုံးဆီဆိုင်တွေ မီးလောင်ကုန်တဲ့အပြင် ရဲ ၂ ဦး နဲ့ မီးသတ် ၁ ဦးလည်း သေဆုံးသွားတယ်လို့ ဗန်းမောက်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီကနေ့ ညနေပိုင်း ၃ နာရီဝန်းကျင်က မြို့ဝင်စစ်ဆေးရေး ဂိတ်မှာ ပစ်ခတ်ခံရတာပါ ၊ ၂ ဖက်ပစ်ခတ်ချိန် နာရီဝက်ကျော်လောက်ကြာတယ် ၊ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် ၁ ဦး ၊ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ မီးသတ် ဒုတပ်ကြပ် ၁ ဦး ကျည်ဆံထိမှန် သေဆုံးတယ် ၊…

Read More
VOM News

FREE
VIEW