ကလေးမြို့နယ် မြစ်သာမြစ်ကူး(ယာယီ)တံတား ကျိုးကျလို့ တိုက်ပွဲရှောင်သူ ၆ ဦး ပြုတ်ကျသေဆုံး

ဧပြီ ၊ ၂၇-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း ဒိုးနွယ်ကျေးရွာရဲ့အရှေ့ဘက်၊ မြစ်သာမြစ်ကူးတံတားဟာ ဒီကနေ့မနက်ပိုင်းက ကျိုးကျသွားတာကြောင့် လူ ၆ ဦးသေဆုံးခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” တံတားက မြစ်သာမြစ်ကို ဖြတ်ကူးဖို့ ဝါးနဲ့ ဆောက်လုပ်ထားတဲ့ ယာယီမြစ်ကူးတံတားဖြစ်တယ် ၊ ဒီမနက် အစောပိုင်းက အရှေ့စည်းဘက်က ရွာတွေကို စစ်သားတွေ ဝင်လာတယ်ဆိုပြီး လှန့်တာကြောင့် ရွာကလူတွေဟာ အစုလိုက် အပုံလိုက် မြစ်ရဲ့အရှေ့ဘက်ကမ်းကို တံတားဖြတ်ပြီး ပြေးကြတယ် ၊ အဲ့ဒီလို ပြေးရင်း တံတားကျိုးကျသွားတာပါ ၊ တံတားကျိုးကျတဲ့အထဲမှာ တိုက်ပွဲရှောင်ပြေးတဲ့ ပြည်သူ ၆ ယောက် သေဆုံးတာဖြစ်တယ် “လို့ ဒိုးနွယ်ရွာခံတယောက်က ပြောပါတယ်။

တံတားကျိုးကျပြီး မြစ်သာမြစ်ထဲ ပြုတ်ကျပျောက်ဆုံးသွားတဲ့ လူ ၆ ဦးအနက် ၊ ရင်ခွင်ပိုက်အရွယ် တဦး အပါအဝင် ကလေး ၃ ဦးနဲ့ လူကြီး ၃ ဦးဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

တံတားကျိုးပြီး ပြုတ်ကျပျောက်ဆုံးနေသူတွေကို ဒီကနေ့ ညနေပိုင်းအထိ ပြန်လည်ရှာဖွေတာ ၊ ကယ်ဆယ်ပေးနိုင်တာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ပုံစာ-မြစ်သာမြစ်ကူး ယာယီဝါးတံတား
#voiceofmyanmar #VOM #ကလေး #မြစ်သာမြစ်ကူး(ယာယီ)တံတားကျိုးကျ #တိုက်ပွဲရှောင်သူ၆ဦး #ပြုတ်ကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW