တရုတ်မှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါ လူတွေဆီကို ပထမဆုံးကူးစက်မှု ဖြစ်ပွား

ပေကျင်း၊ ဧပြီ-၂၇-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါဟာ လူတွေဆီကိုပထမဆုံး ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဒီရောဂါဟာ လူတွေကြားထဲကို ကူးစက်ပျံ့နှံ့နိုင်ခြေနည်းတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။

H3N8 ကြက်ငှက်တုပ်ကွေးရောဂါကို မြောက်အမေရိကရှိ ငှက်တွေမှာ ပထမဆုံးတွေ့ရှိပြီးနောက် ၂၀၀၂ ခုနှစ်မှာ ပျံ့ပွားလာခဲ့ကာ မြင်းတွေ၊ ခွေးတွေနဲ့ ဖျံတွေကို ကူးစက်နိုင်ပေမယ့်လည်း လူတွေကိုကူးစက်မှုတော့ ယခင်က မရှိခဲ့ပါဘူး။

ဟီနန်ပြည်နယ်မှာနေထိုင်တဲ့ အသက် လေးနှစ်အရွယ် ကောင်လေးတဦးဟာ အဖျားတက်ခြင်းနဲ့ အခြားလက္ခဏာတွေပြသနေလို့ ယခုလအစောပိုင်းမှာ ဆေးရုံတက်ခဲ့ပြီးနောက် သူ့မှာ H3N8 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နေတာကို တွေ့ရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်က ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကလေးငယ်ရဲ့ မိသားစုဟာ ကြက်တွေမွေးမြူထားပြီး တောဘဲတွေအများအပြား ကြက်စားရှင်သန်တဲ့နေရာမှာ နေထိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီကလေးငယ်နဲ့ ထိစပ်သူတွေကို စစ်ဆေးရာမှာတော့ မူမမှန်တဲ့အခြေအနေမျိုးမတွေ့ရှိရဘူးလို့ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ငှက်အသေတွေ သို့မဟုတ် နာနေတဲ့ငှက်တွေနဲ့ ဝေးဝေးကြေဖို့နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်ပွားခဲ့ရင် ချက်ချင်းကုသမှုခံယူဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

Ref: CNA
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW