ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် မြန်မာစစ်တပ်အရာရှိလေးဦးကို ဂျပန်အစိုးရ လက်ခံထား

တိုကျို၊ ဧပြီ-၂၇-၂၀၂၂
မျိုးဆက်(VOM)

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်မှုတွေပြုနေတဲ့ကြားမှ ဂျပန်အစိုးရဟာ ယခုနှစ်အတွင်း ပညာရေးနဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် မြန်မာစစ်တပ်မှ အရာရှိလေးဦးကို လက်ခံထားကြောင်း သိရသည်။

မြန်မာစစ်တပ်မှ အရာရှိသုံးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒီမီတက်ရောက်ဖို့ လက်ခံခဲ့ပြီး နောက်တဦးကကိုတော့ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ အရာရှိလောင်းကျောင်း တက်ရောက်ဖို့လက်ခံခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက ဧပြီ ၂၆ ရက်မှာပြုလုပ်တဲ့ ဂျပန်ပြည်သူ့လွှတ်တော် လုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်ကို ဂျပန်နိုင်ငံရဲ့ အစီအစဉ်တွေမှာ ဆက်လက်ပါ၀င်ခြင်းကို ခွင့်ပြုခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနအနေနဲ့ မျိုးစုံဆွေးနွေးမှုပြုခဲ့တယ်လို့ ၀န်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။

ဒီသင်တန်းသားတွေကို ဒီမိုကရေစီနိုင်ငံတခုမှာ အဖွဲ့အစည်တရပ်ရဲ့ အလုပ်လုပ်ပုံအကြောင်း စေ့စေ့စပ်စပ်သင်ကြားပေးလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအနာဂါတ်ကို ပြန်လည်ထူထောင်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကီရှီဒါက ဧပြီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပညာသင်ကြားရေးအစီအစဉ်တွေမှာ မြန်မာစစ်တပ်က သင်တန်းစားတွေကို ဂျပန်နိုင်ငံက လက်ခံတာဟာ အလွန်၀မ်းနည်းဖွယ်ကိစ္စဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တာ၀န်ရှိသူတဦးဖြစ်သူ Teppei Kasai က ထုတ်ဖော်ပြောဆိုပါတယ်။

Ref:Asahi Shimbun
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW