အလုပ်သမားတွေစီးလားတဲ့ကား ချောက်ထဲကျသွားလို့ (၃)ဦးသေ (၈)ဦးဒဏ်ရာရ

ဧပြီ ၂၉-၂၀၂၂
KK(VOM)

ကြံခင်းမြို့နယ်၊ အကောက်တောင်တက်လမ်းမှာ
ဒီကနေ့ မနက် ၇ နာရီက အလုပ်သမားတွေစီးလာတဲ့ လိုက်ထရက်ယာဉ်တစီး ချောက်ထဲပြုတ်ကျကာ ၃ဦးသေ ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကြံခင်းမြို့က ဘိလပ်မြေစက်ရုံမှာနေထိုင်တဲ့ အလုပ်သမား ၁၁ဦး စီးလာတဲ့ လိုက်ထရက်ယာဉ်ဟာ အကောက်တောင်တက်လမ်းမှာ ချောက်ထဲထိုးကျခဲ့တာဖြစ်တယ်လို့ ကျန်းမာစေလို ပရဟိတအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမျိုသမီးနှစ်ဦးက နေရာမှာတင် ပွဲချင်းပြီးသေတာ၊ယောက်ကျ်ားလေးတစ်ယောက်က ဆေးရုံရောက်မှ သေတာ”လို့ သူကပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို ဆိပ်သာတိုက်နယ်ဆေးရုံကတစိဆင့် ဟင်္သာတဆေးရုံကြီးကို အမျိုးသားလူနာ နှစ်ဦး ၊ အမျိုးသမီး လူနာ နှစ်ဦး၊ ကလေးလူနာ တစ်ဦး လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ကျန်လေးဦးဟာ ဆိပ်သာတိုက်နယ်ဆေးရုံမှာ ဆက်လက်ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

လက်တလော သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်နိူင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က စီစဥ်နေတယ်လို့ သိရပါတယ်။

မော်တော်ယာဉ်ချောက်ထဲကျတဲ့ဖြစ်စဉ်ကို အကောက်တောင်လူမှုကူညီရေးအသင်း၊ကျန်းမာစေလို ပရဟိတအသင်း ( ကရင်စု )၊ရွှေမေတ္တာလူမှုကူညီရေးအသင်း ( ထုံးဘို )၊ရွှေဆိပ်သာ လူမှုကူညီရေးအသင်း ( ဆိပ်သာ )တွေက ပူးပေါင်းကူညီပေးခဲ့တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်မှာ မတ်လ ၁၉ ရက် နေ့လယ်ပိုင်းကလည်း ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစီးမီးလောင်ကာ ကလေးတွေအပါအဝင် လူ ၇ ယောက် မီးလောင်သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကြံခင်း #အကောက်တောင် #ကားချောက်ထဲကျ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW