ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ရဲတဦးနဲ့ ပြည်သူနှစ်ဦး ဒဏ်ရာရရှိ

မေ ၁၇-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံက နှစ်ထပ်ပုံစံဆောက်လုပ်ထားတဲ့ရဲကင်းကို ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးနဲ့ပစ်ခံရပြီး ရဲတပ်သားတဦးနဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ၁ ရပ်ကွက် ၊ အင်းစိန်လမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်းထောင့်ရှိ နှစ်ထပ် ယာဉ်ထိန်း Police Boxကို ဒီကနေ့ နေ့လယ် ၁၂နာရီကျော်က အမည်မသိသူတွေက ဗုံးနဲ့လာပစ်ခဲ့ရာ ရဲတဦး ၊ ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ရဲတပ်သားတဦးနဲ့ အသက်၆၀ လောက်ရှိတဲ့ အမျိုးသမီးတဦးရယ်၊ လူငယ်တဦးရယ် ထိတာ”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေဟာ ရဲတပ်သားဆန်းမင်းဌေး ဆိုသူဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန် အဲ့ဒီလမ်းပေါ်မှ သွားလာနေတဲ့ ဟိုက်ဂျက်ယာဥ်ပေါ်က အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦးတို့ ဗုံးထိမှန်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

“သုံးဦးစလုံးကို ခုတင် ၁၀၀၀ကို ပို့လိုက်ပါပြီ၊ ရဲတ
ပ်သားက သိပ်မစိုးရိမ်ရဘူး၊ အန်တီကြီးနဲ့ကောင်လေးကတော့ စိုးရိမ်ရတယ်”လို့ သူကပြောပါတယ်။

လက်တလောအခြေအနေမှာ စစ်တပ်နဲ့ရဲတွေက သမိုင်းလမ်းဆုံနဲ့အင်းစိန်လမ်းမကြီးကို ပိတ်ကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဖြစ်စဉ်အနီးအနားမှာ နေထိုင်သူတွေဆီက သိရပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ မေလအတွင်း ဗုံးပေါက်ကွဲမှု အကြိမ်ရေ (၄၀)ထပ်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW