မြဝတီမြို့က ရပ်ကွက်အချို့မှာ မြစ်ရေတက်လာလို့ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းနေထိုင်ရ

မေ ၂၂-၂၀၂၂
KK(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ မေလ ၂၁ရက်က မိုးများပြီး မြစ်ရေတက်လာလို့ ရပ်ကွက်အချို့က လူဦးရေထောင်နဲ့ချီကာ ဒီကနေ့ မနက်ပိုင်းဘေးလွှတ်ရာကို ရွှေပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်​ရေလျံတက်လာ​တာကြောင့် အနိမ့်ပိုင်းရှိ ​နေအိမ်တွေဟာ ကုန်းမြင့်ရာနေ
ရာကို ရွှေ့ပြောင်းနေထိုင်ရတာဖြစ်တယ်လို့ ပြောင်း​ရွှေ့​နေထိုင်နေရတဲ့ အမှတ် ၃ ရပ်ကွက်နေသူတဦးကပြောပါတယ်။

“”ကျွန်မတို့ ၃ ရပ်ကွက်က အများဆုံးရေမြုပ်တာ၊ မိုး
ကုတ်ဘုန်းကြီးကျောင်းအပိုင်း အမှတ် ၁ တံတားအနားပါ”လို့ သူကပြောပါတယ်။

ရေနစ်မြုပ်တဲ့ ရပ်ကွက်အချို့က ဒေသခံတွေကို သ
က်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့အစည်းတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ကိုဝင်းဇော်က ပြောပါတယ်။

“မိသားစုသုံးယောက်ပဲရှိတဲ့သူက ကိုယ့်အစီအစဥ်နဲ့ကိုယ်ပေါ့၊ အချို့များတဲ့သူတွေကျတော့ ပရဟိတအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ကူပြီးရွှေ့ပြောင်းပေးကြတယ်”လို့ သူကပြောပါတယ်။

ရေနစ်မြုပ်လို့ ရေဘေးလွှတ်ရာကုန်းမြင့်ကို ရွှေ့ပြောင်းရတဲ့ လူဦးရေမှာ ထောင်နဲ့ချီရှိနေပြီး ရေကြီးရေလျှံမှုဖြစ်တဲ့ ရပ်ကွက်တွေကတော့ ၁ရပ်ကွက်၊ ၃ရပ်ကွက်၊၄ ရပ်ကွက်၊၅ ရပ်ကွက် နဲ့အချို့ရပ်ကွက်တွေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေတဦးက ပြောပါတယ်။

လက်တလောအခြေအနေထိ တက်နေတဲ့မြစ်ရေဟာ ပြန်မကျသေးတဲ့အတွက် အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း မြဝတီမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေလျှံတက်မှုဟာ ဒီကနေ့ရေနစ်မြှစ်မှုထက် ပိုတက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #မြဝတီ #မြစ်ရေတက် #ထောင်နဲ့ချီပြည်သူ #ရွှေ့ပြောင်းနေရ

Related posts

Leave a Comment

VOM News

FREE
VIEW