စစ်ကိုင်းမှာ မြေပြိုမှုကြောင့် လူ(၃)ဦးသေ ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉

မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ် ကျောက်တောကျေးရွာအုပ်စု တောင်ညိုရွာသစ် ရှင်သီဝလိကျောင်းအောက် မြောက်ဘက်မှာရှိတဲ့ ကျောက်ကျင်းမှာ ဒီနေ့ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ (၃) ဦး ကျောက်ပိ သေဆုံးကာ လူ (၁) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်တူးဖော်ရာကနေ တောင်ပြိုကျတဲ့အတွက် ရွှေမင်းဝံရပ်ကွက်နေ ချက်ဖောင်း (၃၂)နှစ် မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး  ရွှေမင်းဝံရပ်ကွက်နေ ဒေါ်စန်း (၄၇)နှစ်၊ သူရအောင် နဲ့အနောက်တောင်ညိုကျေးရွာနေ  ဝေလင်းထွန်း တို့မှာ ကျောက်ပိ သေဆုံးခဲ့ပါတယ်။

ကျောက်ပိခဲ့ပြီး သေဆုံးနေတဲ့ ဒေါ်စန်း၊ သူရအောင် နဲ့  ဝေလင်းထွန်း နှင့် ပုဇင်းခေါင်းထော်လာဂျီ တစ်စီး တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊စစ်ကိုင်းမြို့က လူမှုကယ်ဆယ်ရေးအသင်းများက တူးဖော်ထုတ်ရာ နေ့လယ် ၁ နာရီ အချိန်ခန့်မှာ ရုပ်အလောင်းတွေကို တူးဖော်ထုတ်နိုင်ခဲ့ပါတယ်။

လက်ရှိ မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ ကျောက်ကျင်းဟာ ဒေသအာဏာပိုင်တွေက ကျောက်တူးဖော်ယူမှု မပြုလုပ်ရန် တားမြစ်ထားတဲ့ နေရာဖြစ်ပြီး ၎င်း တို့က တရားမဝင် တူးဖော်ခဲ့ရာကနေ ယခုလို ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

#voiceofmyanmar#စစ်ကိုင်း#ကျောက်တောင်ပိ

Related posts

✕
VOM News

FREE
VIEW