အစ္စရေးမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် သုံးနှစ်အတွင်း ၅ကြိမ်မြောက် ရွေးကောက်ပွဲကျင်းပရတော့မယ်

ဂျေရုဆလင်၊ ဇွန်-၂၁-၂၀၂၂
မျိုးဆက်(VOM)

အစ္စရေးညွှန့်ပေါင်းအစိုးရဟာ ပါလီမန်ကိုဖျက်သိမ်းရေးအတွက် မဲခွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဒီအတွက်ကြောင့် ယခုနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲသစ်ကျင်းပတော့မှာဖြစ်ပါတယ်။

၀န်ကြီးချုပ် နက်ဖ်တာလီဘန်းနက်နဲ့ သူ့ရဲ့ အဓိကမဟာမိတ် နိုင်ငံခြားရေး၀န်ကြီး ယာလာပစ်တို့ဟာ ဇွန် ၂၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီဆုံးဖြတ်ချက်ကို ကြေညာလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ဖျက်သိမ်းရေးကို လာမယ့်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်သွားမှာလို့ ဆိုပါတယ်။ အစ္စရေးညွှန့်ပေါင်းအစိုးရဟာ ပြည်တွင်းရေးသဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။

ရွေးကောက်ပွဲသစ်ကျင်းမယ်ဆိုရင် ဒါက အစ္စရေးနိုင်ငံမှာ သုံးနှစ်အတွင်း ငါးကြိမ်မြောက် ရွေးကောက်ပွဲဖြစ်လာမှာဖြစ်ပါတယ်။

ညွှန့်ပေါင်းအစိုးရကို လွန်ခဲ့တဲ့တနှစ်ခန့်က ဖွဲ့စည်းခဲ့ပြီး ၁၀ နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ၀န်ကြီးချုပ်နေတန်ယာဟုရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗဟိုဝါဒီ၊ လက်ယာယိမ်းနဲ့ အခြားပါတီရှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ပါလက်စတိုင်းအရေးအပါအ၀င် အခြားသောကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဂျေရုစလင်

Related posts

Leave a Comment

VOM News

FREE
VIEW