ရခိုင်နဲ့ ချင်းမှာ ၇ ရက်အတွင်း ၆ ဦးမိုင်းထိ၊ ၅ ဦးဒဏ်ရာရကာ ၁ ဦးသေဆုံး

ဇွန် ၂၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ မနေ့ ဇွန်လ ၂၀ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဒဏ်ရာရသေဆုံးမှုတွေရှိခဲ့ပါတယ်။ သေဆုံးသူကတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ရသေ့တောင်မြို့နယ်က ကျေးလက်နေဒေသခံ ၂ ဦး၊ မြေပုံမြို့နယ် စညှင်း နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ စစ်ဘေးရှာင်စခန်းတွေက ၃ ဦးတို့ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် အမျိုးသား နှစ်ဦးတို့ တောတောင်အတွင်း ဝမ်းစာရှာထွက်ရင်း မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ တဦး ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားပြီး ကျန်တဦးကတော့ ဆေးကုသမှုခံယူနေ​တယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၂၀…

Read More

ရခိုင်နဲ့ ချင်းမှာ ၇ ရက်အတွင်း ၆ ဦးမိုင်းထိ၊ ၅ ဦးဒဏ်ရာရကာ ၁ ဦးသေဆုံး

ဇွန် ၂၁-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကနေ မနေ့ ဇွန်လ ၂၀ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဒဏ်ရာရသေဆုံးမှုတွေရှိခဲ့ပါတယ်။ သေဆုံးသူကတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက ၁ ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ရသေ့တောင်မြို့နယ်က ကျေးလက်နေဒေသခံ ၂ ဦး၊ မြေပုံမြို့နယ် စညှင်း နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ စစ်ဘေးရှာင်စခန်းတွေက ၃ ဦးတို့ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာတော့ မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် အမျိုးသား နှစ်ဦးတို့ တောတောင်အတွင်း ဝမ်းစာရှာထွက်ရင်း မိုင်းနင်းမိပြီး ပေါက်ကွဲရာကနေ တဦး ဒဏ်ရာပြင်းထန်ကာ သေဆုံးသွားပြီး ကျန်တဦးကတော့ ဆေးကုသမှုခံယူနေ​တယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၂၀…

Read More

တာချီလိတ်မှာ ပေ ၄၀ ခန့်နက်တဲ့ချောက်ထဲကနေ ပုတ်ပွနေတဲ့ အမျိုးသမီးအလောင်းတွေ့

ဇွန် ၂၁-၂၀၂၂ VOM( GG) တာချီလိတ်မြို့နယ်၊ဝမ်လုံးကျေး ရွာအုပ်စု၊ပန်စလိ-ပလောင်ရွာအနီး၊ ပန်စလိ-ဝမ်ကျောက်လုံသွားကားလမ်းဘေးက ပေ၄၀ခန့့် နက်တဲ့ ချောက်ထဲမှာ ပုတ်ပွနေတဲ့အမျိုးသမီးအလောင်းတစ်ခုတွေ့ရှိရတယ်လို့ သိရပါတယ်။ သေဆုံးနေသူရုပ်အလောင်းဟာ ပုတ်ပွနေတဲ့အပြင် မှတ်ပုံတင် အထောက်အထားလည်းမတွေ့ရှိရတာကြောင့် အမည်၊နေထိုင်ရာတွေကို မသိရှိရဘဲ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးဆိုတာကိုသာသိရှိရတယ်လို့ သိရပါတယ်။ “ပြည်သူ့စစ်က ရဲကိုအကြောင်းကြား ရဲကမှအကိုတို့ကိုအကူညီတောင်းတာပေါ့ ။အလောင်းကပုတ်ပွနေလို့ အကိုတို့တောင် အသက်အောင့်လုပ်ရတယ်။သေတာက ၄ရက်၅ရက်လောက်ရှိပြီလို့ထင်တယ်၊ နာမည် လိပ်စာ ဘာအဆက်အသွယ်မှ မရဘူး။ဘယ်သူဘယ်ဝါဆိုတာလည်းမသိရဘူး။ ချောက် ပေ ၄၀ လောက်မှာတွေတာ ၊ပိုင်ရှင်လည်းမရှိဘူး၊ ပြင်ပဒဏ်ရာလည်းတွေ့ဘူး “လို့ တာချီလိတ်လူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။ အဲ့ဒီရုပ်အလောင်းတွေ့ရှိတဲ့နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မနေက ဇွန်လ ၂၀ ရက်နေ့မှာပဲ ဆရာဝန် ရဲ့ ဆေးစစ်ချက်၊ သက် ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်…

Read More

၁သောင်းတန် အတုပြုလုပ်သူတွေကို ဖမ်းဆီးပြီး တနှစ်အကြာမှာ ထောင် ၁၂ အမိန့်ချ

ဇွန် ၂၁-၂၀၂၂ VOM (GG) ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊အင်္ဂပူမြို့နယ်က ငွေစက္ကူအတုပြုလုပ်သုံးစွဲမှုနဲ့ဖမ်းခံထားရသူ ၄ ဦးအနက် ၃ ဦးကို အမြင့်ဆုံး ထောင် ၁၂ နှစ်အထိ အမိန့်ချလိုက်တယ်လို့သိရပါတယ်။ မနေ့က ဇွန်လ ၂၀ ရက်နေ့မှာပဲ ဟင်္သာတခရိုင်တရားရုံးကနေ အမိန့်ချလိုက်တာဖြစ်ပြီး ၂ ယောက်က ထောင်ဒဏ် ၁၀ နှစ်စီ၊ ၁ ယောက်က ထောင်ဒဏ် ၁၂ နှစ်၊ ကျန်တယောက်ကိုတော့ အပြီးပြတ်လွှတ်လိုက်တယ်လို့ သိရပါတယ်။ “သူတို့ကို ဖမ်းဆီးထားပြီး တစ်နှစ်ကျော်အကြာမှ အမိန့်ချလိုက်တာဖြစ်ပါတယ်၊မျိုးမြင့်ဇော်နဲ့အေးသန်းကကို ၁၀ နှစ်စီချတယ်။ကျော်သူရထွန်း က ၁၂ နှစ်၊ ဟိန်းထက်စံကိုအပြီးပြတ်လွှတ်လိုက်တယ်။မနေ့ကအမိန့်ချတာပါ ” လို့ ရှေ့နေတဦးကပြောပါတယ်။ ဗဟိုဘဏ် ဥပဒေ ပုဒ်မ-၁၀၆ အရ ထောင်၁၀နှစ် ၊ ဗဟိုဘဏ်ဥပဒေပုဒ်မ -၁၀၅ အရ ထောင် ၂ နှစ်ချခဲ့တာဖြစ်ကြောင်းနဲ့…

Read More

အစ္စရေးမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် သုံးနှစ်အတွင်း ၅ကြိမ်မြောက် ရွေးကောက်ပွဲကျင်းပရတော့မယ်

ဂျေရုဆလင်၊ ဇွန်-၂၁-၂၀၂၂ မျိုးဆက်(VOM) အစ္စရေးညွှန့်ပေါင်းအစိုးရဟာ ပါလီမန်ကိုဖျက်သိမ်းရေးအတွက် မဲခွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဒီအတွက်ကြောင့် ယခုနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲသစ်ကျင်းပတော့မှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် နက်ဖ်တာလီဘန်းနက်နဲ့ သူ့ရဲ့ အဓိကမဟာမိတ် နိုင်ငံခြားရေး၀န်ကြီး ယာလာပစ်တို့ဟာ ဇွန် ၂၀ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီဆုံးဖြတ်ချက်ကို ကြေညာလိုက်တာဖြစ်ပါတယ်။ လွှတ်တော်ဖျက်သိမ်းရေးကို လာမယ့်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်သွားမှာလို့ ဆိုပါတယ်။ အစ္စရေးညွှန့်ပေါင်းအစိုးရဟာ ပြည်တွင်းရေးသဘောထားကွဲလွဲမှုတွေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။ ရွေးကောက်ပွဲသစ်ကျင်းမယ်ဆိုရင် ဒါက အစ္စရေးနိုင်ငံမှာ သုံးနှစ်အတွင်း ငါးကြိမ်မြောက် ရွေးကောက်ပွဲဖြစ်လာမှာဖြစ်ပါတယ်။ ညွှန့်ပေါင်းအစိုးရကို လွန်ခဲ့တဲ့တနှစ်ခန့်က ဖွဲ့စည်းခဲ့ပြီး ၁၀ နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ၀န်ကြီးချုပ်နေတန်ယာဟုရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗဟိုဝါဒီ၊ လက်ယာယိမ်းနဲ့ အခြားပါတီရှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ပါလက်စတိုင်းအရေးအပါအ၀င် အခြားသောကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ဂျေရုစလင်

Read More

ရေဦးမြို့နယ် မုံတိုင်ပင်ရွာမှာ သတ်ဖြတ်စွန့်ပစ်ထားတဲ့ လူသေ အလောင်း ၃ လောင်းတွေ့

ဇွန် ၊ ၂၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ မုံတိုင်ပင်ရွာဘက်က ပန်းကုံး – ကားဘိုး မူးဘောင်လမ်းပေါ်မှာ မနေ့ ဇွန် ၂၀ ရက် ၊ နေ့လယ်ပိုင်းက သတ်ဖြတ်စွန်ံ့ပစ်ထားတဲ့ လူသေ ရုပ်အလောင်း ၃ လောင်း တွေ့ရတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ တွေ့ရတာပါ ၊ အမျိုးသား ရုပ်အလောင်း ၃ လောင်း ဖြစ်တယ် ” လို့ နယ်ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ သတ်ဖြတ်စွန့်ပစ်ခြင်း ခံထားရတဲ့ ရုပ်အလောင်းတွေဟာ ခရီးသွားလာရင်း အသတ်ခံရတာဖြစ်နိုင်တယ် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ပရဟိတသမားတွေက ထင်မြင်ယူဆထားပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ရေဦးမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ” သေဆုံးသူတွေဟာ…

Read More

နေအိမ်ကို ခွင့်နဲ့ပြန်လာတဲ့ စစ်သားတဦး မန္တလေးမြို့မှာ သေနတ်ပစ်ခံရပြီး သေဆုံး

ဇွန် ၂၁၊၂၀၂၂ KK(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက နေအိမ်ကိုခွင့်နဲ့ပြန်လာတဲ့ ခြေလျင်တပ်ရင်းက ဒုတပ်ကြပ်အဆင့်ရှိ စစ်သားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဒီကနေ့ မနက် ရှစ်နာရီဝန်းကျင်က အောင်ချမ်းသာရပ်ကွက် ကမ်းနားလမ်းမှာ စျေးဝယ်ပြီး တဦးတည််းလမ်းလျှောက်လာတဲ့ အမျိုးသားတဦးကို ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “အနောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ လေးချက်ထိတယ်၊ သေတဲ့သူက စစ်သားလို့တော့ ​ကြားတယ်၊ အခုတော့ စစ်သားတွေရော ရဲတွေရော စစ်နေတယ်”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် အဲ့ဒီအမျိုးသားမှာ ကျည်ထိမှန်ဒဏ်ရာလေးချက်ရရှိကာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “လောက်ကိုင်ဘက်ကနေ နေအိမ်ကို ခွင့်နဲ့ပြန်လာတာ၊ စျေးဝယ်ပြီး သူအမေဆီသွားတဲ့အချိန် လမ်းမှာအပစ်ခံရတာပါ၊ ဒုတပ်ကြပ်တဦးလို့ သိရတယ်”လို့ ပြောပါတယ်။ သေဆုံးသူဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ လောက်ကိုင်မြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အမှတ် ၃၂၂ ခြေလျင်တပ်ရင်းမှ…

Read More

နိုဘယ်လ်ဆုရ ရုရှားသတင်းသမားက ဆုတံဆိပ်ကို ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ရောင်းချပြီး ယူကရိန်း ပြည်သူတွေကို ကူညီ

၀ါရှင်တန်၊ ဇွန်-၂၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားသတင်းသမားတဦးဟာ ယူကရိန်းပြည်သူတွေကို ကူညီဖို့အတွက် သူရရှိခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုတံဆိပ်ကို ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ ရုရှားသတင်းသမားတဦးဖြစ်တဲ့ Dmitry Muratov ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြီးခဲ့တဲ့နှစ်ကရရှိခဲ့တာဖြစ်ပြီး ဇွန် ၂၀ရက်က အမေရိကန်မှာ လေလံတင်ရောင်းချခဲ့ရာမှာ ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းရရှိခဲ့တယ်လို့ လေလံကုမ္ပဏီက ပြောပါတယ်။ အဲဒီဆုတံဆိပ်ကို ဘယ်သူက၀ယ်ယူသွားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ သူရရှိတဲ့ ငွေအားလုံးကို ယူကရိန်းက စစ်ဘေးရှောင်ကလေးငယ်တွေအတွက် ယူနီဆက်ဖ်ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။ Dmitry Muratov ဟာ လွတ်လပ်တဲ့ ရုရှားသတင်းစာတစောင်ဖြစ်တဲ့ Novaya Gazeta ရဲ့အယ်ဒီတာချုပ်ဖြစ်ပြီး ဖိလစ်ပိုင်သတင်းသမားတဦးဖြစ်တဲ့ Maria Ressa အတူ နိုဘယ်လ်ဆုကို ၂၀၂၁ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။ Dmitry Muratov ဟာ ယူကရိန်းကိုရုရှားရဲ့…

Read More

ပီဒီအက်ဖ်နဲ့ ချိတ်ဆက်လို့ဆိုပြီး ရထားနဲ့သစ်တော ဝန်ထမ်း ၂ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ဇွန် ၂၁၊၂၀၂၂ KK(VOM) ရေစကြိုမြို့နယ် ဆင်ချောင်ကျေးရွာမှာ မနေ့မနက်ပိုင်းက မီးရထားဝန်ထမ်းတဦးနဲ့ သစ်တောဦးစီးဌာနမှ တောခေါင်းတဦးတို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဆင်ချောင်းကျေးရွာမှာ နေထိုင်တဲ့ ဝန်ထမ်းနှစ်ဦးကို PDFအဖွဲ့နဲ့ဆက်သွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်ကိုဖမ်း ဆီးခေါ်ဆောင်သွားဆိုတာ မသိရသေးဘူးလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။ “ကြားတာတော့ သူတို့ကိုမိတော့ ဗုံးနဲ့ဆက်စပ်တဲ့ပစွည်းတွေလည်း မိတယ်ပြောတယ်၊ ကိုယ်တိုင်မြင်တာမဟုတ်ဘူး ကြားရတာ ဘယ်ကိုဖမ်းခေါ်သွားလည်းတော့မသိဘူး”လို့ သူကပြောပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးဟာ ကိုရဲဝင်းနိူင် ( မီးရထားဝန်ထမ်း၊နေ့စား) နဲ့ကိုကျော်စိုးမင်း(တောခေါင်း) တို့ဖြစ်ပြီး လက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ဖမ်းတာက ၁၉ ရက်နေ့ မနက်က၊ အခုစစ်ဆေးနေပါတယ် ကျန်တဲ့ကိစ္စတွေကို “လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကလည်း PDF နဲ့ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွှေဂူကြီဘုရားအနီးမှာ ထန်းငယ်တောကျေးရွာက…

Read More

မဲခေါင်မြစ်အတွင်းမှ ၆၆၁ ပေါင်ရှိ ကမ္ဘာ့အကြီးဆုံးရေချိုးငါး ဖမ်းမိ

ဖနွမ်းပင်၊ ဇွန်-၂၁-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်းမှ ဖမ်းမိတဲ့ ၆၆၁ ပေါင်အလေးချိန်ရှိတဲ့ ရေချိုငါးတစ်ကောင်ဟာ မှတ်တမ်းတင်ထားဖူးသမျှထဲမှာ အကြီးဆုံးရေချိုငါးဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အဲဒီငါးဟာ ၂၀၀၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ၆၄၆ ပေါင်ရှိတဲ့ မဲခေါင်ရေချိုငါးရဲ့ အကြီးဆုံးအဖြစ်သတ်မှတ်ထားတဲ့ စံချိန်ကို ချိုးခဲ့ပါတယ်။ တိုက်ကြီးခြောက်တိုက်ရှိ မြစ်ချောင်းအင်းအိုင်တွေမှာ ကြီးမားတဲ့ရေချိုငါးတွေကို ရှာဖွေသုတေသနပြုရာမှာ ယခုဖမ်းမိသောငါးဟာ နှစ်ပေါင်း ၂၀ အတွင်း မိမိတို့တွေ့ရှိခဲ့ရတဲ့ အကြီးဆုံးရေချိုငါး ဖြစ်ကြောင်း မဲခေါင်မြစ်ရဲ့ ဇီ၀မျိုးကွဲတွေကိုလေ့လာနေတဲ့ ဇီဝဗေဒပညာရှင် ဇက်ဘ်ဟိုဂန်ကပြောပါတယ်။ ကမ္ဘာ့အကြီးဆုံးရေချိုငါးအဖြစ် တရား၀င်မှတ်တမ်း သို့မဟုတ် အချက်အလက်တွေကတော့ မရှိသေးပါဘူး။ မဲခေါင်ဖြစ်ဟာ ဇီ၀မျိုးကွဲတွေ ပေါကြွယ်ဝပေမယ့်လည်း ငါးအလွန်အကျွံဖမ်းဆီးခြင်း၊ ဆည်တွေတည်ဆောက်ခြင်းနဲ့ ရေထုညစ်ညမ်းမှုတို့ကြောင့် ဂေဟဗေဒစနစ်ကို ခြိမ်းခြောက်နေပါတယ်။ မဲခေါင်းမြစ်ဟာ တိဗက်ကုန်းပြင်မြင့်မှ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို…

Read More
VOM News

FREE
VIEW