ပီဒီအက်ဖ်နဲ့ ချိတ်ဆက်လို့ဆိုပြီး ရထားနဲ့သစ်တော ဝန်ထမ်း ၂ ဦးဖမ်းဆီးခံရ

ရန်ကုန်၊ဇွန် ၂၁၊၂၀၂၂
KK(VOM)

ရေစကြိုမြို့နယ် ဆင်ချောင်ကျေးရွာမှာ မနေ့မနက်ပိုင်းက မီးရထားဝန်ထမ်းတဦးနဲ့ သစ်တောဦးစီးဌာနမှ တောခေါင်းတဦးတို့ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆင်ချောင်းကျေးရွာမှာ နေထိုင်တဲ့ ဝန်ထမ်းနှစ်ဦးကို PDFအဖွဲ့နဲ့ဆက်သွယ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်ကိုဖမ်း
ဆီးခေါ်ဆောင်သွားဆိုတာ မသိရသေးဘူးလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ကြားတာတော့ သူတို့ကိုမိတော့ ဗုံးနဲ့ဆက်စပ်တဲ့ပစွည်းတွေလည်း မိတယ်ပြောတယ်၊ ကိုယ်တိုင်မြင်တာမဟုတ်ဘူး ကြားရတာ ဘယ်ကိုဖမ်းခေါ်သွားလည်းတော့မသိဘူး”လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ ကိုရဲဝင်းနိူင် ( မီးရထားဝန်ထမ်း၊နေ့စား) နဲ့ကိုကျော်စိုးမင်း(တောခေါင်း) တို့ဖြစ်ပြီး လက်လုပ်သေနတ်နဲ့ လက်လုပ်မိုင်းပြုလုပ်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဖမ်းတာက ၁၉ ရက်နေ့ မနက်က၊ အခုစစ်ဆေးနေပါတယ် ကျန်တဲ့ကိစ္စတွေကို “လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကလည်း PDF နဲ့ဆက်သွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွှေဂူကြီဘုရားအနီးမှာ ထန်းငယ်တောကျေးရွာက ကိုဖိုးချိုအပါအဝင်လူငယ်၅ဦး ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ရေစကြိုမြို့နယ်မှာ ပြီးခဲ့တဲ့လတွေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရေစကြို #ရထားနဲ့သစ်တော၀န်ထမ်း၂ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW