မန္တလေး၊ ဇန်နဝါရီ ၃၁-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတောင်ဂေါက်ကွင်းက အလုပ်ထုတ်ခံရတဲ့ ကယ်ရီအလုပ်သမား(၆၉)ဦးဟာ သူတို့ လုပ်အားခထဲကနေ ကုမ္ပဏီက အဓမ္မဖြတ်တောက်တဲ့အတွက်
မြို့တော်ဝန်ကိုလာရောက်တွေ့ဆုံ တိုင်ကြားခဲ့ပါတယ်။
အဓမ္မဖြတ်တောက်ကောက်ခံခဲ့တဲ့ငွေဟာ (၉)နှစ် (၃)လ (၁၂)ရက်အထိ ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းသုံးသောင်း ဖြစ်ပြီး အဲဒီငွေတွေပြန်ရဖို့ ဒီကနေ့မနက်ပိုင်းမှာ အလုပ်သမားခေါင်းဆောင် (၈)ဦးဟာ မြို့တော်ဝန်နဲ့လာပြီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
#voiceofmyanmar#မန္တလေး#ဂေါက်ကွင်းအလုပ်သမားများမြို့တော်ဝန်နဲ့လာတွေ့#