သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုမှာ ရုရှားက စစ်အုပ်ချုပ်ရေး ကြေညာ

မော်စကို၊ အောက်တိုဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ ပြီးခဲ့တဲ့လက သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒွန်နက်၊ ခါဆွန်၊ လူဟန့်နဲ့ ဇာပိုရစ်ဇီးယား ဒေသလေးခုကို အောက်တိုဘာ ၁၉ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသတွေမှာ ယူကရိန်းတပ်တွေရဲ့ ပြန်လည်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ရုရှားတပ်တွေ ရုန်းကန်နေရပါတယ်။

ယူကရိန်းအရှေ့ပိုင်း သိမ်းပိုက်နယ်မြေတွေက ရုရှားရဲ့မဟာမိတ်တွေကို လုပ်ပိုင်ခွင့်အာဏာပိုပေးဖို့ လိုအပ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအဖွဲ့၀င်တွေကို သမ္မတပူတင်က ညွှန်ကြားခဲ့ပါတယ်။

ဒီလိုစစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် အဲဒီဒေသတွေက ရုရှားလိုလားတဲ့ ဒေသန္တရခေါင်းဆောင်တွေဟာ ညမထွက်ရအမိန့်တွေ ချမှတ်ဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်၊ ခရီးသွားလာခွင့်နဲ့ လူသူစုဝေးမှုတွေကို ကန့်သတ်မိန့် ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။

ရုရှားရဲ့ အနာဂါတ်လုံခြုံရေးနဲ့ အဲဒီဒေသက မိမိလူတွေကို ကာကွယ်ပေးဖို့ အလွန်ကြီးမားပြီး ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။

ခါဆွန်ဒေသရှိ ရုရှားလိုလားတဲ့ အာဏာပိုင်တွေကတော့ ယူကရိန်းရဲ့တန်ပြန်တိုက်ခိုက်နိုင်ခြေကြောင့် အရပ်သားတွေကို ရွှေ့ပြောင်းပေးမှုတွေလုပ်ဆောင်နေပါတယ်။

ရုရှားက ဒီလိုစစ်အုပ်ချုပ်ရေးကြေညာမှုဟာ ဘာမှထူးခြားပြောင်းလဲမှာ မဟုတ်ကြောင်းနဲ့ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူသွားမယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW