ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ အထောက်အထားမဲ့သူ ၁၀၀ ကျော် ဖမ်းဆီးရမိ

အောက်တိုဘာ ၂၁-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ဧရာဝတီလမ်းရှိ နေအိမ်တစ်အိမ်မှာ မနေ့ အောက်တိုဘာ ၂၀ရက် ညပိုင်းက အထောက်အထားမဲ့ဝင်ရောက်လာသူ တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” မနေ့ညပိုင်းက စစ်တပ်၊ရဲနဲ့ ထွေ/အုပ်ပါဝင်တဲ့အဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်တယ်၊ မိတာ တစ်ရာကျော်တယ် ကားနဲ့ဖုန်းတွေရောသိမ်းသွားတယ်၊ အိမ်ရှင်ရော ယာဥ်မောင်းတွေပါဖမ်းသွားတာ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ကြားတယ်”လို့ ရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၇၈ ဦးနဲ့ အမျိုးသမီး ၃၉ ဦးဖြစ်ပြီး အိမ်ရှင်နဲ့ယာဥ်မောင်းအပါအဝင် ၄ ဦး စုစုပေါင်း ၁၂၁ ဦးဖမ်းဆီးရမိကာ ကားနှစ်စီးနဲ့ ဖုန်း ၄လုံးကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက VOM ကိုပြောပါတယ်။

” ရခိုင်ကနေလာတယ် ရန်ကုန်ကိုရောက်တဲ့အချိန် အဖမ်းခံရတာ၊ သူတို့ကိုပို့ဆောင်တာနဲ့ပတ်သတ်ပြီး အမျိုးသမီးတဦးနဲ့အမျိုးသားသုံးဦးကိုလည်းဖမ်းထားပါတယ် စစ်နေတုန်း”လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ဧရာဝတီတိုင်းက မြို့န
ယ်အချို့မှာ အထောက်အထားမဲ့သူတွေ ဖမ်းဆီးခံရတာ လူဦးရေ ငါးရာနီးပါးရှိပြီး အချို့မှာ လဝကဥပဒေနဲ့ထောင်ဒဏ် ၂နှစ်စီချမှတ်ခံထားရပါတယ်။

အလားတူ ရန်ကုန်က မြို့နယ်အချို့ဖြစ်တဲ့ ရွှေပြည်သာ၊ တောင်ဒဂုံ၊မြောက်ဒဂုံနဲ့တွံတေးမြို့နယ်တွေမှာ အထောက်အထားမဲ့လူဦးရေ နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW