သတင်းသမားတွေကို အစိုးရတွေက မကြုံစဖူး ဖိနှိပ်တိုက်ခိုက်နေကြောင်း RSF သတိပေး

ဝါရှင်တန်၊ မေ-၄-၂၀၂၃
မျိုးဆက်(VOM)

ကမ္ဘာတဝန်းရှိ သတင်းသမားတွေဟာ အစိုးရတွေရဲ့ မကြုံစဖူး ဖိနှိပ်တိုက်ခိုက်မှုတွေကို ခံနေရကြောင်း နယ်စည်းမခြား သတင်းသမားများအဖွဲ့(RSF) က မေ ၃ ရက်မှာ သတိပေးလိုက်ပါတယ်။

သတင်းသမားတွေအပေါ် အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်လာတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သတင်းတုတွေ မဟုတ်မမှန်လုပ်ကြံသတင်းတွေကြောင့် သတင်းမီဒီယာအပေါ် အများပြည်သူရဲ့ ရန်လိုမှုတွေလည်း တိုးလာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နယ်စည်းမခြားသတင်းသမားများအဖွဲ့ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်အတွင်းမှာ သတင်းသမား ၅၅ ဦးနဲ့ သတင်းမီဒီယာနဲ့ဆက်နွယ်နေတဲ့ အလုပ်သမားလေးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ သတင်းမီဒီယာအခြေအနေဟာ ဆိုးရွားနေပြီး တူရကီ၊ ရုရှား၊ တရုတ်၊ အီရန်နဲ့မြောက်ကိုရီးယားတို့ ပါဝင်နေကြောင်း အစီရင်ခံစာကဆိုပါတယ်။

နော်ဒစ်နိုင်ငံတွေကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်မှာ ထိပ်ဆုံးကဦးဆောင်နေပြီး နော်ဝေက ပထမနဲ့ ဒိန်းမတ်၊ ဆွီဒင်နဲ့ ဖင်လန်တို့က အသီးသီးရပ်တည်နေပါတယ်။ အိုင်ယာလန်၊ နယ်သာလန်၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယားနဲ့ ပေါ်တူဂီတို့က သတင်းမီဒီယားလွတ်လပ်ခွင့် ထိပ်ဆုံး ၁၀ နိုင်ငံမှာ ရပ်တည်နေပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW