မော်စကို၊ ဇွန်-၁၇-၂၀၂၃
မျိုးဆက်(VOM)
ရုရှားရဲ့ နျူကလီးယားလက်နက်ပထမအသုတ်ကို ဘီလာရုစ်မှာ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ရုရှားသမ္မတပူတင်က အတည်ပြုပြောဆိုလိုက်ပါတယ်။
ရုရှားရဲ့နယ်မြေ သို့မဟုတ် ပိုင်နက်တခုခုကိုခြိမ်းခြောက်လာပါက အဲဒီနျူကလီးယားလက်နက်တွေကို ထုတ်သုံးမယ်လို့ သမ္မတပူတင်က ပြောပါတယ်။
ယူကရိန်းကို နျူကလီးယားလက်နက်တွေနဲ့တိုက်ခိုက်ဖို့ ရုရှားမှာအစီအစဉ်မရှိကြောင်း အမေရိကန်အစိုးရက ပြောဆိုထားပြီး လက်ရှိချိန်ထိတော့ နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ် အရိပ်လက္ခဏာမရှိသေးဘူးလို့ နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။
ဘီလာရုစ်နိုင်ငံဟာ ရုရှားရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမှာ ရုရှားတပ်တွေအတွက် နယ်မြေအခြေချမှုဆိုင်ရာနဲ့ အခြားအရာတွေ ကူညီပေးခဲ့ပါတယ်။
နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို ဘီလာရုစ်သို့လွှဲပြောင်းပေးခြင်းကို နွေရာသီအကုန်မှာ အပြီးသတ်မယ်လို့ ပူတင်ကပြောပါတယ်။
ရုရှားအပေါ် ချေမှုန်းဖို့တွေးနေသူတွေကို နျူကလီးယားလက်နက်တွေဖြန့်ကြက်ပြီး သတိပေးလိုက်တာဖြစ်ကြောင်း ပူတင်က စိန့်ပီတာစဘာ့ဂ်မှာပြုလုပ်တဲ့ နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ သတိပေးပြောဆိုပါတယ်။
Ref: BBC
Photo:Reuters
#VOM #voiceofmyanmar #မော်စကို