မိုးဗြဲမှာ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရ

ဇွန်၊၁၈-၂၀၂၃

MM(VOM)

ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ မိုးဗြဲမြို့ပေါ်ကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေသိရပါတယ်။

“မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကနေစတင်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ မြို့ပေါ်မှာဖြစ်တော့ ပိုဆိုးတာပေါ့၊ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့နဲ့တပ်နဲ့ ဖြစ်နေတာပါ ၊အဲ့ဒီတိုက်ပွဲက နေ့ချင်းညချင်း ရုတ်တရက်ထဖြစ်တာ၊ စစ်ရှောင်အကုန် အယောက် ၅၀၀၀ ကျော်မယ်၊ဒေသခံတွေက အတင်း ရုတ်တရက် ထပြေးရတာဖြစ်တော့ ဘာမှ များများစားစား မသယ်နိုင်ဘူးလေ ၊အခုကျတော့ အချိန် တပတ် မပြည့်သေးဘူး ၊အကုန် ဒုက္ခရောက်နေပြီ၊တချို့တွေမှာ စားနပ်ရိက္ခာတွေ စပြတ်နေပြီ၊ ရေရှည်မှာဆို မကောင်းဘူး ၊ ရာသီဥတုဒဏ်နဲ့ အစားရေစာ ပြတ်သွားရင်လေ ၊ ကျွန်တော်တို့မှာလည်း အရင်နှစ်တွေကလို အပိုအလျှံတွေ မရှိဘူး ၊တိုက်ပွဲက ဆက်ဖြစ်နေဦးမယ်လို့ထင်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေက ကိုယ့်အစီအစဉ်နဲ့ကို တောတောင်တွေထဲမှာ ယာယီ တဲထိုးနေထိုင်နေရပြီး စစ်ရှောင် ၅၀၀၀ ကျော်လောက်မှာ အသက်ကြီးသူတွေ ၊ ကလေးငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ဒေသခံတွေအနေနဲ့ နေအိမ်ကို စားနပ်ရိက္ခာတွေ ပြန်လည်သယ်ယူဖို့ လုပ်ရာမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အသံတွေကြားနေရတဲ့အတွက် မသွားရဲဖြစ်နေတယ်လို့ စစ်ရှောင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲမှာ အခုလို တိုက်ပွဲတွေ ရုတ်တရက် တကျော့ပြန်ဖြစ်လာလို့ စစ်ရှောင်တွေ ထောင်ချီရှောင်နေရတာဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပထမဆုံးဖြစ်လာတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #မိုးဗြဲ #စစ်ရှောင်အခက်အခဲထန်းတပင်မှာ မိုင်းနင်းမိပြီး လူတစ်ဦးသေဆုံး

ဇွန် ၁၈ – ၂၀၂၃

GG( VOM)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း၊ သရက်တန်းရွာနားမှာ မိုင်းနင်းမိပြီး လူ ၁ ယောက် သေဆုံးပြီး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” မနေ့က နေ့လယ် ၁ နာရီလောက်မှာ မိုင်းနင်းမိတာ၊တစ်​​ယောက်က နေရာမှာပဲ ဆုံးတယ်၊နောက်တစ်ယောက်ကတော့ ဒဏ်ရာရလို့ ဆေးကုသမှုပေးနေတယ်လို့သိရတယ်။ ထန်းတပင်ဘက်က မကြာခဏတိုက်ပွဲကဖြစ်တော့ ရှောင်နေကြတဲ့သူတွေလို့ ပြောတယ်၊အခုလည်း သွားရင်းလာရင်း မိုင်းနင်းမိတဲ့သဘောပါ။ တိုက်ပွဲတွေကဖြစ်နေတော့ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး “လို့ ထန်းတပင်မြို့ခံတစ်ဦးကပြောပါတယ်။

မိုင်းနင်းမိပြီးသေဆုံး ၊ ဒဏ်ရာရရှိခဲ့သူတွေဟာ ထန်းတပင်မြို့နယ်၊ မဲဖလံရွမှာာနေထိုင်သူတွေဖြစ်ပြီး သေဆုံးသူက အသက် ၆၀ အရွယ်ရှိ ဦးတင်ဆန်းဆိုသူ နဲ့ ဒဏ်ရာရသူကတော့ အသက် ၅၈ နှစ်အရွယ်ရှိ ဦးသန်းထွန်းဆိုသူ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူ အမျိုးသားကို ဆေးကုသမှုပေးနေကြောင်း၊ ထန်းတပင်မြို့နယ်မှာက ၂၀၂၃ ခုနှစ်ထဲမှာပင် မိုင်းနင်းမိလို့ ဒေသခံတွေ သေဆုံးတာ ၊ သေနတ်နဲ့ပစ်သတ်ခံရတာ၊ လက်နက်ကြီးကျလို့ သေဆုံးတာ ဒဏ်ရာရခဲ့သူ ၂၀ ယောက်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။

ထန်းတပင်မြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီရှိတယ်လို့သိရပါတယ်။

#VOM #voiceofmyanmar #ထန်းတပင် #မိုင်းနင်မိပြီးလူသေဆုံးမှုမိုးဗြဲမှာ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရ

ဇွန်၊၁၈-၂၀၂၃

MM(VOM)

ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ မိုးဗြဲမြို့ပေါ်ကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေသိရပါတယ်။

“မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကနေစတင်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ မြို့ပေါ်မှာဖြစ်တော့ ပိုဆိုးတာပေါ့၊ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့နဲ့တပ်နဲ့ ဖြစ်နေတာပါ ၊အဲ့ဒီတိုက်ပွဲက နေ့ချင်းညချင်း ရုတ်တရက်ထဖြစ်တာ၊ စစ်ရှောင်အကုန် အယောက် ၅၀၀၀ ကျော်မယ်၊ဒေသခံတွေက အတင်း ရုတ်တရက် ထပြေးရတာဖြစ်တော့ ဘာမှ များများစားစား မသယ်နိုင်ဘူးလေ ၊အခုကျတော့ အချိန် တပတ် မပြည့်သေးဘူး ၊အကုန် ဒုက္ခရောက်နေပြီ၊တချို့တွေမှာ စားနပ်ရိက္ခာတွေ စပြတ်နေပြီ၊ ရေရှည်မှာဆို မကောင်းဘူး ၊ ရာသီဥတုဒဏ်နဲ့ အစားရေစာ ပြတ်သွားရင်လေ ၊ ကျွန်တော်တို့မှာလည်း အရင်နှစ်တွေကလို အပိုအလျှံတွေ မရှိဘူး ၊တိုက်ပွဲက ဆက်ဖြစ်နေဦးမယ်လို့ထင်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးပြောပါတယ်။

အဲ့ဒီ စစ်ရှောင်တွေက ကိုယ့်အစီအစဉ်နဲ့ကို တောတောင်တွေထဲမှာ ယာယီ တဲထိုးနေထိုင်နေရပြီး စစ်ရှောင် ၅၀၀၀ ကျော်လောက်မှာ အသက်ကြီးသူတွေ ၊ ကလေးငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ဒေသခံတွေအနေနဲ့ နေအိမ်ကို စားနပ်ရိက္ခာတွေ ပြန်လည်သယ်ယူဖို့ လုပ်ရာမှာလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ အသံတွေကြားနေရတဲ့အတွက် မသွားရဲဖြစ်နေတယ်လို့ စစ်ရှောင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲမှာ အခုလို တိုက်ပွဲတွေ ရုတ်တရက် တကျော့ပြန်ဖြစ်လာလို့ စစ်ရှောင်တွေ ထောင်ချီရှောင်နေရတာဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ပထမဆုံးဖြစ်လာတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

#VOM #voiceofmyanmar #မိုးဗြဲ #စစ်ရှောင်အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW