ဇွန် ၁၈ – ၂၀၂၃
GG + KK( VOM)
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ)ဈေးရှေ့က “မြတ်မောင်ရွှေဆိုင်”ဟာ ဒီနေ့ ဇွန်၁၈ ရက် ညနေ ၄ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအများအပြား လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေဆိုင်မှာ ခန့်အပ်ထားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသားနှစ်ဦးလည်း သေနတ်ပစ်ခတ်ခံခဲ့ရကာ ၂ယောက်လုံးကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ တစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့သိရပါတယ်။
” လုံခြုံရေး ၅ ယောက်ထဲက ကိုအောင်အောင် မှာ လက်ခုံသေနတ်မှန်တယ်၊ ကိုလှမိုးဆိုသူက ခြေထောက်ကိုမှန်တယ်၊စိုးရိမ်စရာတော့မရှိပါဘူး။ကျည်ခွံ ၁ ၁ ခုရတယ်၊ ပစ္စည်းတွေကတော့ အခုမှသေချာစစ်နေတုန်းဆိုတော့ သေချာမသိရသေးဘူး ” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဖြစ်စဥ်က မြတ်မောင်ရွှေဆိုင်မှာ ဆိုင်ပိုင်ရှင်ဖြစ်သူအပါအဝင် အရောင်းဝန်ထမ်း ၁၁ ယောက် နဲ့အတူ လုံခြုံရေးဝန်ထမ်း ၅ ယောက်အတူရှိနေစဥ် အမည်မသိအမျိုးသား ၃ ယောက်က ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ပစ်ခတ်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။
” ဘုမ္မာထိပ်ကဆိုင်ပါ၊ လုံခြုံရေးတော့ ခြေထောက်တွေ လက်တွေထိသားတယ်၊ရွှေတွေလည်းပါသွားတယ်။ထိတာတော့များတယ်။ ၂ယာက်ထိတာ၊ တစ်ယောက်ကတော့ သေမလားမပြောတတ်ဘူး။ လူနာတင်ယာဥ်တွေလည်းရှုပ်နေတယ်။ဆိုက်ကားနဲ့လည်း ဒရစ်ချိတ်ခေါ်သွားတာတွေ့တယ်၊ရွှေကတော့ တော်တော်များများပါသွားတယ်။” လို့ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပြပါတယ်။
လက်ရှိမှာ အဆိုပါ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။
#VOM #voiceofmyanmar #ရန်ကုန် #ရွေဆိုင်ဓားပြမှု