ဘန်ကောက်၊ ဇွန်-၂၁-၂၀၂၃
မျိုးဆက်(VOM)
ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ လွန်ခဲ့တဲ့လကကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေကို တရား၀င်အတည်ပြုကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွေကို လာမယ့်လအစောပိုင်းမှာ ခေါ်ယူကျင်းပဖွယ်ရှိပေမယ့် အစိုးရသစ် ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကတော့ မသေချာမရေရာသေးပါဘူး။
ထိုင်းအောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက်ရလဒ်များကိုလည်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားပြီး ပီတာလင်ဂျာရိုရက်ဦးဆောင်းတဲ့ ရှေ့သို့ချီပါတီဟာ အမတ်နေရာ ၁၅၁ နေရာနဲ့ အများဆုံးအနိုင်ရရှိထားပါတယ်။
သူ့ကို၀န်ကြီးချုပ်တင်မြှောက်ဖို့ရည်ရွယ်ချက်နဲ့ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် အခြားအတိုက်အခံပါတီခုနှစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားပြီး ဆွေးနွေးမှုတွေလုပ်ဆောင်နေကြပါတယ်။
ညွှန့်ပေါင်းအဖွဲ့ဟာ အောက်လွှတ်တော်မှာနေရာ ၃၀၀ ကျော်ရရှိထားပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲ ၆၀ လောက်လိုအပ်နေပါတယ်။
ပီတာလင်ဂျာရိုရက်ဟာ ဖွဲ့စည်းပုံအခြေခံဥပေဒအရာ တားမြစ်ထားတဲ့ကန့်သတ်ချက်ဖြစ်တဲ့ မီဒီယာကုမ္ပဏီတခုမှာ ရင်းနှီးမြုပ်နှံ့မှုတွေရှိနေတာကြောင့် ကန့်ကွက်မှုအချို့နဲ့ရင်ဆိုင်နေရပြီး ဒါတွေဟာ ဖခင်ဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံရရှိတာဖြစ်ကြောင်း ပီတာကပြောဆိုထားပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
Ref: NHK
Photo:AP
#VOM #voiceofmyanmar #ဘန်ကောက်