ဝါရှင်တန်၊ ဇွန်-၂၁-၂၀၂၃
မျိုးဆက်(VOM)
တိုက်တန်းနစ်သင်္ဘောပျက်ကို သွားရောက်လေ့လာရင် ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောကို ရှာဖွေနေတဲ့ဧရိယာကမှာ ရေအောက်ကနေ ဆူညံသံတွေကို ကနေဒါလေယာဉ်တစီးက ထောက်လှမ်းမိခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က ပြောပါတယ်။
လူငါးဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောငယ်ဟာ တိုက်တန်းနစ်သင်္ဘောပျက်ကို လေ့လာနိုင်ဖို့ မီတာ ၃၈၀၀ အနက်ကို ဆင်းသက်ခုတ်မောင်းရင်း ဇွန် ၁၈ ရက်မှာ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီရေငုပ်သင်္ဘောပေါ်ကလူတွေအတွက် အောက်ဆီဂျင်ဟာ နာရီ ၃၀ စာသာကျန်ရှိတော့ပြီး ဇွန် ၂၂ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ ကုန်ဆုံးသွားဖွယ်ရှိနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
သင်္ဘောပေါ်မှာ ဗြိတိန်-ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါဒေဝုဒ်နဲ့ သားဖြစ်သူဆူလီမန်အပြင် ဗြိတိန် စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်းတို့လည်း လိုက်ပါသွားကြတာဖြစ်ပါတယ်။
ရေငုပ်သင်္ဘောဟာ နယူးဖောင်လန်မြို့တော် စိန့်ဂျွန်ရဲ့အရှေ့ဘက် မိုင် ၉၀၀ နဲ့ တောင်ဘက် မိုင် ၄၀၀ အကြားမှာရှိမယ်လို့ ယူဆရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ရေငုပ်သင်္ဘောဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက တိုက်တန်းနစ်သင်္ဘောပျက်ကိုလေ့လာဖို့ သွားရောက်ရင်း ၄၅ မိနစ်အကြာမှာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဝါရှင်တန်