တေဂူစီဂယ်လ်ပါ ၊ ဇွန်-၂၁-၂၀၂၃
မျိုးဆက်(VOM)
ဟွန်ဒူးရပ်စ်ရှိ အမျိုးသမီးအကျဉ်းထောင်တခုမှာ ဇွန် ၂၀ ရက်ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၄၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
အကျဉ်းထောင်အတွင်းရှိ ပြိုင်ဘက်ဂိုဏ်းတွေအကြား ရန်ပွဲဖြစ်ပွားပြီးနောက် ဂိုဏ်းတခုက အချုပ်ခန်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အများစုသေဆုံးခဲ့ပေမယ့် အချို့ကတော့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
အကျဉ်းထောင်ဆူပူမှုနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်ကို နှိမ်နှင်းသွားမှာဖြစ်ကြောင်း ဟွန်ဒူးရပ်စ်ဒုတိယပြည်ထဲရေး၀န်ကြီး ဂျူလီဆာဗီလန်နူဗာကပြောပါတယ်။
အဓိကရုဏ်းဟာ ဟွန်ဒူးရပ်စ်မြို့တော် တေဂူစီရဂယ်လ်ပါကနေ ကီလိုမီတာ ၂၀ ၀န်းကျင်အကွာရှိ အကျဉ်းသား ၉၀၀ ၀န်းကျင်ရှိတဲ့ အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအားလုံးဟာ အကျဉ်းသားတွေဟုတ်မဟုတ် ရှင်းလင်းစွာမသိရသေးပါဘူး။
လက်ရှိမှာတော့ ဒဏ်ရာရရှိတဲ့အကျဉ်းသားတွေကို ဆေးရုံပို့ဆောင်ပို့ထားပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း နိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုမှာ ဆူပူမှုကြောင့် လူ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
Ref: BBC
Photo:AFP
#voiceofmyanmar #VOM #တေဂူစီဂယ်လ်ပါ