ပေကျင်း၊ ဇွန်-၂၂-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စားသောက်ဆိုင်တဆိုင်မှာပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးသွားပါတယ်။
ဒီဖြစ်စဥ်ကြောင့် လူကိုးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ညက ရင်ချွန်မြို့မှာ ဓာတ်ငွေ့ယိုစိမ့်မှုုကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင်းပင် က ကယ်ဆယ်ရေး လုပ်ငန်းတွေ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ဖို့နဲ့ ပေါက်ကွဲမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖူယန်စားသောက်ဆိုင် ပိုင်ရှင်ဟာလည်း ဖမ်းဆီးခံထားရသူများထဲမှာ ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ သုံးရက်ကြာ နဂါးလှေပွဲတော် အားလပ်ရက် အကြိုနေ့မှာ မိသားစုတွေနဲ့ သူငယ်ချင်း အများအပြား စုရုံးကာ ဂုဏ်ပြုစားသောက်ကြတဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
Ref:BBC
#VOM #voiceofmyanmar #ပေကျင်း