စတီရီယိုခေတ်ဦးအဆိုတော် စိမ်းမို့မို့ ကွယ်လွန်

ဇွန် ၂၃ – ၂၀၂၃
SN (VOM)

စတီရီယိုခေတ်ဦးကာလနဲ့ မြန်မာ့ရုပ်မြင်သံကြား ပေါ်ထွန်းစ ခေတ်တွေမှာ လူကြိုက်များထင်ရှားခဲ့တဲ့ နိုင်ငံကျော်အဆိုတော် စိမ်းမို့မို့ဟာ ဒီနေ့ ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အဆိုတော်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုတော်စိမ်းမို့မို့ ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး အဆိုတော် ယုဇနက “ချစ်ခင်လေးစားရပါသော အန်တီမို့ (စိမ်းမို့မို့) ဆုံးပါးသွားတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ သီချင်းတွေအတူဆိုခဲ့ကြဖူးတယ်။ ဆုံးမစကားတွေလည်း နားထောင်ခဲ့ဖူးတယ်။ အန်တီမို့ သီချင်းဆိုလိုက်တိုင်း အသံအားကောင်းကောင်းနဲ့ နားထောင်ကောင်းလွန်းလို့ညအားကျခဲ့ရပါတယ်။ အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့ အန်တီမို့ အေးချမ်းတဲ့ဘုံဘဝသိုရောက်ရှိပါစေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အတိုတော် တင်ဇာမော်ကလည်း “ချစ်ရတဲ့ မမို့(စိမ်းမို့မို့) သံသရာတစ်ကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ်။ ချစ်ချစ်ခင်ခင်ရှိခဲ့ကြတဲ့ အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။ မမြဲတဲ့ နှိပ်စက်တတ်တဲ့ ခန္ဓာရခြင်းမှ လွတ်မြောက်ရာသို့ ရောက်ရှိစံစားနိုင်ပါစေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဆိုတော် ချောစုခင်ကလည်း “ချစ်ခင်လေးစား ကြိုက်နှစ်သက်ခဲ့ရသော မမို့ (စိမ်းမို့မို့) ဘဝတစ်ပါးပြောင်းရွှေ့သွားသောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ကြတော့ အမြဲပြုံးနေတတ်တဲ့မမို့ ကောင်းမွန်သောဘုံဘဝကို ရောက်ရှိပါစေ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆုတောင်းစကား ဆိုထားပါတယ်။

အဆိုတော် စိမ်းမို့မို့ သီဆိုပြီး လူကြိုက်များ ထင်ရှားခဲ့တဲ့ သီချင်းတွေကတော့ စတော်ဘယ်ရီချစ်သည်းရှင်၊ မျက်ဝန်းထဲမှာ၊ တောင်ပြာတန်းက မောင်မောင်စစ်သည်၊ အပြုံးကိုအပြီးငှားခဲ့ စတဲ့ သီချင်းတွေဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #အဆိုတော်စိမ်းမို့မို့ #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW