ဝါဇီစက်ရုံနားမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၃ ဦး သေဆုံး

ဇွန် ၊ ၂၅ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ် ၊ ဝါဇီစက်ရုံနဲ့ ယောချောင်းတဖက်ကမ်း ၊ ချောင်းမကြီးကျေးရွာနားမှာ မနေ့ ဇွန် ၂၄ ရက် ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက်ဖြစ်ပွားပြီး လူ ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ညက ၈ နာရီဝန်းကျင်လောက်မှာ ချောင်းမကြီးကျေးရွာမှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီး လူ ၃ ယောက်သေတယ် ၊ ချောင်းမကြီးရွာဆိုတာ ဝါဇီစက်ရုံနဲ့ အနီးဆုံးနေရာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတယောက်က ” ဆိပ်ဖြူမြို့နယ် ၊ တဲကြီးကျေးရွာမှာနေတဲ့ စိုးကိုကို ၃၂ နှစ် ရဲ့နေအိမ်ကွပ်ပစ်မှာ တစ်ရွာတည်းနေ ဖိုးထီ (ခေါ်)ဖြိုးထက်နိုင်၂၅ နှစ်နဲ့ ပေါက်မြို့နယ် ၊ ထန်းတောဦးကျေးရွာမှာနေတဲ့ ဝင်းကြိုင် ၂၆ နှစ် တို့ ၃ ဦးဟာ အရက်သောက်ရင်း လက်လုပ်မိုင်းကို အသက်သွင်းတဲ့အခါ ပေါက်ကွဲမှုဖြစ်ပြီး သူတို့ ၃ ဦးစလုံး နေရာမှာတင် သေဆုံးသွားတာဖြစ်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲ သေဆုံးမှုဖြစ်စဥ်ကို ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ရုံးက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပခုက္ကူခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် သေဆုံးရသူပေါင်း ၁၇၀ ကျော်ရှိသွားပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဆိပ်ဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW