ရန်ကုန်က Transporter Bar ဝင်စီးခံရလို့ လူ ၂၀၀ နီးပါး ထိန်းသိမ်းခံရ

ဇူလိုင် ၂၂ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြိုနယ်၊ အမှတ် (၈) ရပ်ကွက်၊ဝေဇယန္တာလမ်းအမှတ် (၅ဝ) မှာ ဖွင့်ထားတဲ့ Transporter Bar & Club က လူ အယောက် ၂၀၀ လောက် ညတုန်းက ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ ဘားဟာ သတ်မှတ်တဲ့အချိန် ၁၁ နာရီထက်ကျော်လွန်ဖွင့်လို့ဆိုပြီး ညနက်အချိန် ၁၂ နာရီကျော်လောက်မှာ တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း၊ စစ်ဆေးစဥ် ယောကျ်ားလေး ၁၀၀ ကျော် ၊ မိန်းကလေး ၈၀ ဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” အကုန်လုံးမလှုပ်နဲ့ ဆင်းဆိုတာပဲတဲ့။အချိန်ကျော်ဖွင့်လို့ ဝင်စီးတာလို့ပြောတယ်။ အစောကြီး ပြန်လိုက်ရတယ်။ ဖမ်းတယ်ဆိုတာထက် အကုန်လုံး သတိပေး ဘာညာလုပ်တဲ့သဘောပါတဲ့ ။မဟုတ်ရင်အခုချိန် အင်းစိန်တန်းစီလို့နေမှာ ။ ဘားကပိတ်ကြားပေမယ့် စုံစမ်းကြည့်တော့မပိတ်ပါဘူးတဲ့ အခုည”လို့ Barရှိရာ အနီးရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါ တယ်။

ကလပ်ဖွင့်တဲ့အချိန်ထက် သတ်မှတ်ကျော်လွန်မှုနဲ့ စစ်ဆေးတွေ့ရှိတဲ့ လူငယ်တွေကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ဆိုင်မန်နေဂျာ ဖြစ်သူ ကိုညီမောင်ဆိုသူကိုတော့ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့တရားစွဲဆိုထားတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

Transporter bar ဘက်ကို ဆက်သွယ်စုံစမ်းခဲ့ရာ ” ဆိုင်က မပိတ်ပါဘူး ၊ ဖွင့်ထားပါတယ်။အခုညလည်းဖွင့်ပါတယ်”လို့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ Bar ၊ Club ၊ စားသောက်ဆိုင်တွေကို အခုလ ဇူလိူင်လကစပြီး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ဖို့ သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေက သတိပေးထားတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ မတိုင်ခင် ရန်ကုန်က ဘားနဲ့ကလပ် ၊ကေတီဗီ တွေမှာ live show ၊စင်တင်တေးဂီတတွေ ဖျော်ဖြေတာ ယာယီပိတ်ကြောင်းလည်း စာထုတ်သတိပေးခဲ့ပေမယ့် ပြန်လည်ဖြေလျှော့ပေးခဲ့ပါတယ်။

” ဒီလိုနာမည်ကြီးဘားကို ဝင်စီးတယ်ဆိုတော့ ဘယ်မှာလုံခြုံမှုရှိမလဲ ၊ ဘာမှ safe မဖြစ်တော့ဘူးလေ ၊တခုခုဆို ကိုယ်ကအရင်ခံရတာပဲ”လို့ လူငယ်တစ်ဦးက ပြောပါတယ်။

ဝင်ရောက်ဖမ်းဆီးခံရတဲ့ Transporter Bar ဟာ နာမည်ကြီး bar & club တစ်ခုဖြစ်ပြီး နာမည်ကြီး အဆိုတော်နဲ့ သီချင်းအဆိုရှင်တွေ၊ DJ သမားတွေ အဓိက သီဆိုဖျော်ဖြေမှုရှိတဲ့ Bar တစ်ခုဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #Transporterbar #ဝင်စီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW