လတ်တလော နယ်စပ်ကုန်သွယ်မှု အခြေအနေ

အောက်တိုဘာ ၁၁၊ ၂၀၂၃
ShyV (VOM)
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းအနေနဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကနေ ၃ ရက်နေ့အထိ သုံးရက်အတွင်း ပို့ကုန်ကား ၁၃၆ စီး၊ သွင်းကုန် ကား ၂၁၈ စီး၊ စုစုပေါင်း ပို့ကုန်သွင်းကုန်ကား ၃၅၄ စီး ရှိပြီး ပို့ကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၂.၁၈၅ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၆၀၆ သန်းရှိကာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅.၇၉၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။
တချို့ သွင်းကုန် ပစ္စည်းတွေက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲ ဝင်ရောက်ဖို့ မလိုပဲ မူဆယ်မှာတင် ချရတဲ့ ကုန်တွေရှိတာကြောင့် နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ ကုန်သွယ်ရေး ကားအရေအတွက်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း ရဲ့ ကုန်သွယ်ရေး ကား စာရင်းတွေ ကွာဟမှု ရှိနိုင်ပါတယ်။
Myanmar Automated Cargo Clearance System (MACCS) စနစ်အရ တရုတ် – မြန်မာ ငွေလဲနှုန်းမှာ ၁ ယွမ်ကို ၂၈၇.၉၂၆ ကျပ် တွက်ချက်ထား ပေမယ့် မူဆယ်မြို့ရဲ့ လတ်တလော ပြင်ပ ငွေလဲနှုန်း ပေါက်ဈေးမှာ ယွမ်ပေး ကျပ်ယူ ၁ ယွမ်ကို ၄၅၀ နဲ့ ၄၅၅ ကျပ် ကြား ရှိပါတယ်။
မန္တလေး ကနေ ကျင်းစန်းကျော့ဘက် အတက်ကုန် ကားခတပိဿာ ၂၀၀ ကျပ်နှုန်း၊ ကျင်းစန်းကျော့ ကနေ မန္တလေးဘက် အဆင်း ကားခ ကုန်ကျဏ် တပိဿာ ၂၀၀ ကျပ်နဲ့ ကုန်ပွ တပိဿာ ၂၅၀ နဲ့ ၃၀၀ ကျပ်နှုန်းခန့် ပေါက်ဈေး ရှိတာကို တွေ့ရပါတယ်။
အများဆုံး ပို့ကုန် ပစ္စည်းတွေကတော့ ငါးရှဉ့်၊ ကဏန်း၊ ကြက်သွန်နီ၊ လျှော်ဖြူ၊ ဆန်ကွဲ၊ ဆန်၊ ဝါဂွမ်း၊ ဆီးဆံ၊ မြေပဲ၊ မက္ကဒေးမီးယားသီး တွေဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းတွေကတော့ ယာဉ်နဲ့ ယာဉ်ယန္တရား၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်း၊ သံဘောင်၊ စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ အလူမီနီယံချောင်း၊ ဖိနပ်မျိုးစုံ၊ ပန်းသစ်တော်သီး၊ ကာဗွန်မှုန့် ဖြစ်ကြောင်း သိရပါတယ်။

ပို့ကုန်သွင်းကုန် လိုင်စင်ကို Tradenet 2.0 System မှာ Online နဲ့ လျှောက်ထားနိုင်သလို ကုန်သွယ်ရေးစခန်း တွေမှာလည်း လျှောက်ထားနိုင်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကနေ တရုတ်နိုင်ငံဘက် ပို့ကုန် ပစ္စည်းရောင်းချမယ့်သူတွေအနေနဲ့ အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေအကြား ထုတ်ပေးတဲ့ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတောင်းခံနိုင် ကြောင်းသိရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ဒေသ ကုန်သွယ်မှုတွေအတွက် တရုတ်ယွမ်ငွေ နဲ့ အမေရိကန်ဒေါ်လာ တို့နဲ့ ပေးချေခွင့်ပြုပြီး ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတွေကို အမေရိကန် ဒေါ်လာအပြင် ယွမ်ငွေနဲ့ပါ ဆောင်ရွက်ခွင့်ပြုကာ ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ ရေထွက် ပစ္စည်းဖြစ်တဲ့ကဏန်း၊ ငါးရှဉ့်တွေကို ယွမ် နဲ့ ပေးချေခွင့်ပြုကြောင်း သိရပါတယ်။
မူဆယ်ဘက်ကနေ အများဆုံးတင်ပို့ကုန်တွေရဲ့ လတ်တလော ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တန် ၅၂၀၀ – ၅၉၀၀ ယွမ်၊ ပြောင်းဖူးစေ့ တစ်တန် ၂၃၈၀ – ၂၄၈၀ ယွမ်၊ နှမ်းနက် တစ်တန် ၁၁၅၀၀ – ၁၂၀၀၀ ယွမ်၊ မြေပဲဆံ တစ်တန် ၉၅၀၀ – ၉၇၀၀ ယွမ်၊ ဧည့်မထဆန် တစ်တန် ၃၄၀၀ ယွမ်၊ ဆန်ကွဲ (A 1:2) တစ်တန် ၃၀၀၀ ယွမ်၊ ရော်ဘာ RSS-3 တစ်တန် ၇၀၀၀ – ၇၅၀၀ ယွမ် ရှိကြောင်း သိရပါတယ်။
ပို့ကုန် လုပ်ငန်းရှင်များအနေနဲ့ တရုတ်ဘက် တင်ပို့ ရောင်းချ ရရှိတဲ့ ပို့ကုန်ရငွေတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ပေးသွင်းရကြောင်း သိရပါတယ်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ကနေ အောက်တို ဘာလ ၁၀ ရက်နေ့အထိ ၁၁ ရက်အတွင်း အများဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်တွေကတော့ ရာဘာ၊ ဆန်ကွဲ၊ နှမ်း နက်၊ ပြောင်း၊ ပဲယင်း၊ ပဲတီစိမ်း၊ ဆန်၊ ပဲလွန်းဖြူ၊ အခွံပါ မြေပဲ နဲ့ စွန်တာနီပဲ တို့ကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။
အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန် ပစ္စည်းတွေကတော့ သံနဲ့ သံမဏိဆောက်လုပ်ရေး ပစ္စည်း၊ ချည်ထည်၊ ဇာနဲ့ ဇာထိုးထားတဲ့ အထည်အလိပ်၊ စက်နဲ့ စက်ပစ္စည်း၊ တယ်လီဖုန်း နဲ့ ဆက်စပ်ပစ္စည်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဓာတုဗေဒပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ နဲ့ ဆေးဝါးပစ္စည်းများ တင်သွင်းခဲ့ကြောင်း သိရပါတယ်။
ချင်းရွှေဟော် ကုန်သွယ်ရ လမ်းကြောင်းမှာဝောာ အခုလ အောက်တိုဘာ ၅ ရက် ကနေ ကနေ့ အောက်တိုဘာ ၁၂ ရက်နေ့ အထိ စစ်တပ်နဲ့ ကေအိုင်အေတို့ အကြား စစ်ရေး တင်းမှာမှု ရှိနေပါတယ်။
မြဝတီကုန်သွယ်ရေးဇုန် အနေနဲ့ ထိုင်းနိုင်ငံဘက်ကို စက်တင်ဘာ ၃၀ ရက် ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ အများဆုံး တင်ပို့ခဲ့တဲ့ ပို့ကုန် ပစ္စည်းတွေက ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ ကော်ဖီစေ့၊ ကွမ်းသီး၊ ငရုတ်သီးစိမ်း/အစို၊ ဂေါ်ဖီထုပ်၊ မတ်ပဲ၊ သတ္တုနဲ့ သတ္တုရိုင်းများ နဲ့ ငါးမျိုးစုံ တို့ တင်သွင်းခဲ့ကြောင်း သိရပါတယ်။
တပတ်အတွင်း အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ မော်တော်ယာဉ် နဲ့ မော်တော်ယာဉ်ပစ္စည်းများ၊ ချည်ထည်များ၊ သတ္တု ကလွဲလို့ တွင်းထွက် ဆောက်လုပ်ရေးပစ္စည်းများ၊ ဆပ်ပြာ၊ ပုံနှိပ်စက္ကူများ၊ တာယာနဲ့ ကျွတ်များ၊ စက်နဲ့ စက်ပစ္စည်းများ နဲ့ ဝါယာကြိုးများ ဖြစ်ကြောင်း သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကနေ ၆ ရက်နေ့ အထိ တစ်ပတ် အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၄.၈၃၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၄.၈၃၄ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁၉.၆၇၀ ကန်ဒေါ်လာသန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့ ထိုင်းဘတ်ငွေ နဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းက မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင် ပေါက်ဈေး ၁ ဘတ်ကို ၉၀ နဲ့ ၉၃ ကျပ်ကျော် ကျော် ရှိပါတယ်။
Shy V
Photo Crd#
May be an image of text
See Insights and Ads
Advertise
<img class="x16dsc37" role="presentation" src="data:;base64, ” width=”18″ height=”18″ />
All reactions:

113

Related posts

Leave a Comment

VOM News

FREE
VIEW