မူဆယ် ကျင်းစန်းကျော့မှ တပတ်အတွင်း ပို့ကုန်သွင်းကုန် အခြေအနေ

 

အောက်တိုဘာ ၂၄၊ ၂၀၂၃

Shy V (V0M)

 

တရုတ် – မြန်မာနယ်စပ် မူဆယ် ကျင်းစန်းကျောကနေ တရုတ်ဘက် အောက်တိုဘာ ၁၇ ရက်နေ့ကနေ အောက်တိုဘာ ၂၃ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန်သွင်းကုန်ကား စုစုပေါင်း အစီး ၁၂၀၀ ကျော် နဲ့ ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းမှတ်တမ်းတွေ အရ သိရပါတယ်။

မြန်မာဘက် ကနေ တရုတ်ဘက်ကို အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန်ကား ခါလီအပါအဝင် အစီးရေ ၅၀၀ ကျော် ရှိပြီး တရက် ပျမ်းမှျ ပို့ကုန်ကား အစီးရေ ၅၀ ဝန်းကျင်ခန့်ရှိပြီး ခါလီကားကတော့ အစီး ၃၀ ကျော်ခန့် ရှိတာကို တွေ့ရပါတယ်။

 

တင်ပို့ကိုတွေအနေနဲ့ ငါးရှဉ့်၊ ကဏန်း၊ ဖရဲသီး၊ ဆင်းတု နဲ့ အခြားကုန်မျိုးစုံပါဝင်တာကို တွေ့ရပါတယ်။

တရုတ်ဘက်ကနေ မြန်မာဘက် သွင်းကုန်ကား အနေနဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တပတ်အတွင်း ခါလီနဲ့ အသစ်တွေအပါအဝင် စုစုပေါင်းသွင်းကုန်ကား အစီးရေ ၇၀၀ နီးပါးရှိပြီး တရက်ကို ပျမ်းမျှ သွင်းကုန်ကား အစီး ၉၀ ဝန်းကျင် ရှိပြီး ကားနဲ့စက်ယန္တရားအသစ် တရက်ကို ပျမ်းမျှ ၁၅ စီးဝန်းကျင်၊ ခါလီ ၁၀ စီး ဝန်းကျင် ရှိတာကို တွေ့ရပါတယ်။

 

သွင်းကုန်တွေအနေနဲ့ စက်သုံးဆီ ဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ကျောက်ပြား နဲ့ စက်ယန္တရားတွေ ဖြစ်တဲ့ Dump Truck, ဘက်ဟိုး၊ နောက်တွဲ၊တွဲခေါင်း၊ ထွန်စက်၊ ဆောက်ဆာ နဲ့ အခြားကုန်မျိုးစုံ တင်သွင်းတာကို တွေ့ရပါတယ်။

 

ပို့ကုန်သွင်းကုန် ယာဉ်တွေကတော့ ၆ ဘီး၊ ၁၂ ဘီး နဲ့ ၂၂ ဘီး (တွဲ) ကားနဲ့ ဘောက်ဆာ တွေကို အဓိက အသုံးပြု ကုန်သွယ်တာကို တွေ့ရပါတယ်။

 

အတက်ကုန် မန္တလေး ကနေ ကျင်းစန်းကျော့ကို ကားခတစ်ပိဿာ ၂၀၀ ကျပ်နှုန်းဖြစ်ပြီး အဆင်းကုန် ကျင်းစန်းကျော့ ကနေ မန္တလေးကိုကားခ ကုန်ကျစ်တစ်ပိဿာ ၂၀၀ ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာ ၂၅၀ နဲ့ ၃၀၀ ကျပ်ကြား ရှိကြောင်း သိရပါတယ်။

 

ဒီကနေ့ မူဆယ်မြို့ရဲ့ ငွေလဲလှယ်နှုန်းကတော့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်က ပေါက်ဈေးမှာ တရုတ် ယွမ်ပေး မြန်မာကျပ်ယူ ၁ ယွမ်ကို၄၄၄ ကျပ်ရှိပါတယ်။ အရင်တပတ် ထက်စာရင် ခုတပတ်မှာ မြန်မာငွေ ဈေး အနည်းငယ်တက်လာပြီး တရုတ်ငွေ အနည်းငယ် ကျလာတာကို တွေ့ရပါတယ်။

 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းအနေနဲ့ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆.၄၅၆သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉.၉၃၅ သန်း၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၆.၃၉၁ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဌာနက သတင်းအချက်အလက်တွေ အရသိရပါတယ်။

 

Photo: Shy V

#voiceofmyanmar #vom #နယ်စပ်ကုန်သွယ်ရေး #မူဆယ် #ပို့ကုန်သွင်းကုန်

Telegram Link: https://t.me/VOMNEWS2023/3152

 

Related posts

Leave a Comment

VOM News

FREE
VIEW