ရွှေဘို ပြည်သူ့ဆေးရုံကြီးမှာ ပေါက်ကွဲမှုနဲ့ မနေ့က စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တာတွေကြောင့် ဘုန်းကြီး တပါးပျံတော်မူ ၊ လူ လေးယောက် သေဆုံး

 

အောက်တိုဘာ ၂၄ ၊ ၂၀၂၃

SP ( VOM)

 

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ရွှေဘိုပြည်သူ့ဆေးရုံကြီးနားမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ၊ မနက် ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” ဆေးရုံကို ဗုံးလာခွဲတဲ့ သူက ၊ ဆေးရုံဝန်းထဲရောက်တော့ ဗုံးမဖောက်ခွဲခင် ဗုံးက သူ့လက်ထဲမှာတင် ပေါက်ကွဲသွားတာပါ ၊ အဲ့ဒါကြောင့်ဆေးရုံ ပြတင်းတံခါး တချို့ပျက်စီးသွားတယ် ၊ ဗုံးလာခွဲတဲ့ သူလည်း လက်ပြတ်သွားတယ် ၊ တကိုယ်လုံး မီးလောင်ဒဏ်ရာတွေရပြီး စုပ်ပြတ်သွားတယ် ၊ နောက်ပြီး အဲ့ဒီလို ဗုံးကွဲတဲ့အချိန်မှာ ဗုံးခွဲဖို့လာတဲ့သူ တယောက်လည်း ထွက်ပြေး လွတ်မြောက်သွားတယ် ၊ ဗုံးလာခွဲတဲ့သူကတော့ လက်ထဲမှာ ကွဲတဲ့အတွက် သူကတော့ မပြေးနိုင်ဘူး ၊ ဒဏ်ရာရလို့ အခု အဲ့ဒီ ဆေးရုံမှာ ဆေးကုသပေးနေတယ် ” လို့ ဆေးရုံအသိုင်းအဝိုင်းက ပြောပါတယ်။

 

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆေးရုံကို ဗုံးလာခွဲတဲ့သူက ရွှေဘိုမြို့ ၊ ဆင်ရုံ အမှတ် ၇ရပ်ကွက်က မပပထွန်း ၃၁ နှစ်ဖြစ်တယ် ၊ လက်ပြတ်သွားပြီး တကိုယ်လုံး မီးလောင်ဒဏ်ရာရထားတယ် ” လို့ ပြောပါတယ်။

 

ဒါ့အပြင် မနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံ ရပ်ကွက် ၊ သာစည်လမ်းဆရာအတတ်သင် ပညာရေး ကောလိပ် (TTC) ကျောင်းနားမှာ ပစ်ခတ်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား နှစ်ဦး ပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီ အပြင် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ သလဲဘာကျေးရွာနားမှာ လက်နက်ကြီးကျည်တွေ အလုံး ၅၀ နီးပါး ကျရောက် ပေါက်ကွဲတယ်လို့ သိရပါတယ်။

 

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့ နီးစပ်သူတယောက်က ” ရွာအပြင်ဘက်ကနေ ထုတဲ့ လက်လုပ် စိန်ပြောင်းဗုံးသီး ၂၅ လုံးနဲ့ Drop Bomb ၁၀ လုံးကျော် ရွာထဲကို ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက်ဒဏ်ရာရတယ် ၊ နောက်ပြီး သဘဲဘာရွာ အရှေ့ဘက်မှာရှိတဲ့ အင်းကျောင်း ဘုန်းကြီးကျောင်းပေါ်မှာလည်း ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ ကျောင်းထိုင် ဆရာတော် ဥူးစာရဏ (၇၆)နှစ် (၁၇) ဝါ ၊ နေရာမှာတင် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ရှင်နိမ္မလ(၁၂)နှစ် (၂)ဝါ နဲ့ ဘုန်းကြီးကျောင်းသား မောင်လှိုင်ဘွားအောင် ၁၀ နှစ် ၊ သူတို့နှစ်ဦးက ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

 

စစ်ကိုင်းတိုင်း ထဲမှာ ဒီနှစ် ဝါတွင်းကာလအတွင်း လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ ပျံတော်မူခဲ့ရတဲ့ ရဟန်းသံဃာ သုံးပါးရှိခဲ့ပြီး ၊ ထိခိုက်ဒဏ်ရာရ ရဟန်သံဃာ ၂၀ ထက် မနည်းရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #ရွှေဘို #မုံရွာ #စစ်ကိုင်းတိုင်း

Telegram Link: https://t.me/VOMNEWS2023/3147

 

Related posts

Leave a Comment

VOM News

FREE
VIEW