တရုတ်ဝန်ကြီးချုပ်ဟောင်း လီကားကျန် နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်

 

ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၃

မျိုးဆက်(VOM)

 

တရုတ်ဝန်ကြီးချုပ်ဟောင်း လီကားကျန်ဟာ အသက် ၆၈ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းလီကားကျန်ကို အသက်ရှင်ဖို့ အစွမ်းကုန်ကုသမှုတွေလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၂၆ ရက် ညသန်းခေါင်ကျော ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ယခုနှစ်မတ်လမှာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ လီကားကျန်ဟာ ရုတ်တရက်နှလုံးဖောက်ကာ ရှန်ဟိုင်းရှိဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

 

သူဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်ခေါင်ဆောင်ဖြစ်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံခဲ့ရပေမယ့် သမ္မတရှီကျင်းပင်နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ခြင်းမရှိသူတယောက်ဖြစ်ပြီး တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အထီးကျန်နေခဲ့သူဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းလီသေဆုံးမှုဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေအကြား သဘောထားပျော့ပြောင်းတဲ့ ပြုပြင်ပြောင်းလဲရေးသမားတယောက်ဆုံးရှုံးသွားဖြစ်ပြီး သမ္မတရှီကျင်းပင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကျင့်သုံးမှုအပေါ် အပြန်အလှန်ထိန်းကျောင်းနိုင်မှု  နည်းပါးသွားမယ့် သဘောရှိကြောင်း Carnegie China think tank အဖွဲ့က သုတေသီ Ian Chong ကပြောပါတယ်။

 

Ref:BBC

Photo: Getty Images

Related posts

✕
VOM News

FREE
VIEW