ဆီးရီးယားရှိ ရာနဲ့ချီတဲ့ အိုင်အက်စ်စစ်သွေးကြွ တွေ လက်နက်ချ

ဒမတ်စကတ် မတ်-၁၃ မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံက အိုင်အက်စ် စစ်သွေးကြွတွေနဲ့ သူတို့ရဲ့မိသားစုတွေဟာ မတ် ၁၂ ရက်မှာ လက်နက်ချလိုက်ပြီး အိုင်အက်စ်စစ်သွေးကြွတွေရဲ့ နောက်ဆုံးခြေကုပ်ယူထားရာနေရာကို လက်လွှတ်ရလုနီးပါးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့က ပြောပါတယ်။

အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူထားရာ ဘက်ဟော့ဇ်ဒေသကို အရင်သီတင်းပတ်တွေ ၀ိုင်းရံထားပြီးနောက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာညွှန့်ပေါင်းတပ်ဖွဲ့မှာ လေကြောင်းပစ်ကူတွေပေးခြင်းနဲ့အတူ မတ် ၁၀ ရက်ကစပြီး ဘက်ဟော့ဇ်ဒေသကို သိမ်းပိုက်နိုင်ဖို့ အပြီးသတ်တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ဆီမှာ ရာနဲ့ချီတဲ့ အိုင်အက်စ်တွေ လက်နက်ချခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနယ်မြေဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့မှ မောင်းထုတ်ခံလိုက်ရတဲ့ ပျမ်းမျှ သုံးပုံတစ်ပုံပမာဏရှိတဲ့ အိုင်အိုက်စ်တို့ ထိန်းချုပ်ထားရာပိုင်နက်ရဲ့ နောက်ဆုံးခြေမှုန်းခံရတဲ့ နေရာဖြစ်ပါတယ်။

လက်နက်ချခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဝင် အရေအတွက် ၃၀၀၀ အထိတိုးမြင့်လာပြီလို့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်သူ မူစတာဖာဘာလီက မတ် ၁၂ ရက်မှာ ၎င်းရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

အိုင်အက်စ်တို့နောက်ဆုံးခြေကုပ်ယူထားရာဒေသမှာ စစ်ဆင်ရေးအကောင်းဆုံးပြီးဆုံးသွားကြောင်း၊ သို့သော် မြေပြင်မှာ လက်တွေ့ကျကျအပြီးသတ်ရေးအတွက် အချိန်အနည်းငယ်လိုအပ်တယ်လို့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကီနိုဂါဘရီရယ်က ပြောဆိုသည်။

Ref & Photo : Reuters #voiceofmyanmar #အိုင်အက်စ် #ဆီးရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW