၁၀၅ မိုင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတကားတစီး ပစ်ခံရပြီး ပြည်သူ နှစ်ယောက် ဒဏ်ရာရ

 

နိုဝင်ဘာ ၃၀၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် ‌မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် မှာ ပိတ်မိ နေတဲ့ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတ ကား တစီး ပစ်ခတ်ခံရတာကြောင့် ကားပျက်သွားပြီး ပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတ အသင်းတွေဆီက သိရပါတယ်။

“ဟုတ်ကဲ့ခင်ဗျ။ ပြည်သူနှစ် ယောက်ထိတယ်။ စစ်ရှောင်တွေ။ ကားလည်း မရတော့ဘူး အဲမှာ ပစ်ထား ခဲ့ရတယ်။ ကားပါ စက်နှိုး မရမရတာ။ အသင်းကတော့ ထိခိုက်တာ မရှိဘူး ပြည်သူပဲ နည်းနည်း ထိသွားတာ။” လို့ ပရဟိတ အသင်း တသင်းရဲ့ တာဝန်ရှိသူ တယောက် က ပြောပါတယ်။

စစ်မြေပြင်မှာ ပိတ်မိ‌နေတဲ့ ပြည်သူတွေ ၂၀၀ ဝန်းကျင် ကယ်ဆယ်ကာ မူဆယ်ဘက် ခေါ်ယူနိုင်ခဲ့ ပေမယ့် ပြည်သူတွေ တော်တော် များများ ပိတ်မိနေဆဲပဲလို့ သူက ပြောပါတယ်။

“ဒီလိုမျိုး ကျနော်တို့ ပရဟိတ ကားတွေကိုတော့ မလုပ်သင့်ဘူး ပေါ့ဗျာ။ ဘယ်လိုမျိုး ဖြစ်နေ ဖြစ်နေ ကျနော်တို့ လူမျိုး မခွဲခြား ကျနော်တို့က ဒါ ကယ်ဆယ်တာပေါ့နော်။ အဲလိုမျိုး ကျနော်တို့ကို ပစ်တယ် ဆိုတော့” လို့ သူက ကပြာပါတယ်။

ဒုတိယ အကြိမ် သွားရောက် ကူညီ ကယ်ဆယ်နေချိန် နှလုံးလှ ပရဟိတ အသင်းက ကား ပစ်ခတ်ခံရတာ လို့ ဆိုပါတယ်။

“အဖွား တယောက်လက်ထိ တယ်။ သူ့ သမီးက ခြေထောက်ထိ တယ်။ အသက်တော့ မစိုးရိမ်ရပါဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ယမန်နေ့ကလည်း ပြည်သူ ၇ ဦး ပစ်ခတ်ခံရပြီး ကလေးငယ် တစ်ဦးနဲ့ မိခင် ဖြစ်သူ သေဆုံးခဲ့ ရတာ ဖြစ်ပါတယ်။

Photo Crd# CJ

 

 

 

 

 

 

Related posts

✕
VOM News

FREE
VIEW