ဒေါ်လာငွေ အလဲအလှယ် အပြောင်းအလဲကြောင့် ပဲ၊ပြောင်း၊နှမ်း ဈေးနူန်းတွေ ပြန်တက်လာ

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ – ၂၀၂၃

GG(VOM)

ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုပဲ ဗဟိုဘဏ်မူဝါအရ သတ်မှတ်ဈေးနူန်း ၂၁၀၀ ကျပ်နဲ့ မြန်မာငွေလဲလှယ်ဖို့ ဖြေလျှော့ပေးလိုက်တာကြောင့် ပဲ ပြောင်း နှမ်းဈေးတွေပြန်တက်လာတာဖြစ် ပါတယ်။

ဒါ့ကြောင့်လည်း ပြည်ပကိုပို့ကုန်တင်ပို့မှုတွေလည်း ပိုပြီး တိုးမြှင့်ပို့နိုင်ဖို့လုပ်ဆောင်နေကြပါတယ်။

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဈေးတန်းကျဆင်းခဲ့ပေမယ့် ဒီဇင်ဘာလမှာတော့ ဈေးဆက်တိုက်ပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ဝန်းကျင်အထိ ဖြစ်လာပါတယ်။

အိန္ဒိယက အဝယ်ရှိတဲ့အပြင် ဗဟိုဘဏ်ဘက်ကဒေါ်လာ လဲလှယ်မှုကန့်သန်ချက်ကို ဖြေလျှော့ပေးလိုက်တာကြောင့် ဈေးတန်းပြန်တက်လာတာဖြစ်တယ်လို့ကုန်သည်တွေကဆိုပါတယ်။

နိုဝင်ဘာလနောက်ဆုံးပတ် တုန်းက ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (RC) နိုင်ငံခြားတင်ပို့ဖို့ အရန်သင့် အရည်အသွေးနဲ့ FAQ သင့်တင့်တဲ့ပျှမ်းမျှအရည်အသွေး တစ်တန်ကို ၂၇၈၀၀၀၀ ကျပ်သာရှိခဲ့ပြီး ခုတပတ်ဒီဇင်ဘာလမှာတော့ ၂၉၄၁၀၀၀ ကျပ်အထိရှိလာလို့ တတန်ကို ၁၆၀၀၀၀ လောက်ပြန်တက်လာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တအိတ်ကို ၂၈၀၀၀၀ မှ ၂၉၀၀၀၀ ကျပ်ဈေးပေါက်ပြီး အရင်လကထက် ၂၇၅၀၀ ကျပ်ထပ်တက်လာပါတယ်။

နယ်ဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ကျပ် ၉၅၀၀၀ ကျပ်ရှိပြီး အရင်တပတ်ကထက် ၇၀၀၀ ကျပ်ထပ်လာ ပါတယ်။

မတ်ပဲက ပြည်တွင်းမှာပဲ လက်ကျန်မရှိသ လောက်နည်းသွားတာကြောင့်လည်း ဈေးတန်းကတက်လာတာဖြစ်ပြီး မန္တလေးဈေးကွက်ကိုတော့ မတ်ပဲအသစ်တွေဝင်ရောက်မှုရှိနေတယ်လို့သိရ ပါတယ်။

ပဲတီစိမ်း

ဈေးတန်းအကျမှာပဲရှိနေတဲ့ ပဲတီစိမ်းကလည်း ဒီဇင်ဘာလထဲမှာ တပိဿာကို ၁၀၀ ကနေ ၄၀၀ လောက်ပြန်တက်လာပါတယ်။

ပို့ကုန်ရငွေ ၃၅ ရာခိုင်နူန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မြန်မာငွေလဲလှယ်ရတော့တာကြောင့် တရုတ်ဘက်ကို ပဲတီစိမ်းတင်ပို့မှုရှိပြီး အဝယ်ရှိနေလို့ ဈေးတန်းပြန်တက်လာတာပါ။

ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တပိဿာကို ၃၆၀၀ ကျပ် ရှိပြီး ပဲတီစိမ်း(ပဲခူးရွှေဝါ)ကလည်း ၃၅၀၀ ကျပ် နဲ့ အရင်တပတ်ကအတိုင်းဈေးငြိမ်နေပေမယ့် ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တပိဿာကို ၂၇၅၀ မှ ၃၅၀၀ ကျပ်ဈေးပေါက်လို့ နိုဝင်ဘာလကထက် တပိဿာကို ၁၀၀ ကျပ်ကနေ ၄၀၀ လောက် ဈေး တက်တာတွေ့ရပါတယ်။

မန္တလေးဈေးကွက်မှာတော့ အရင်တပတ်က အတိုင်း ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို အမြင့်ဆုံး ဈေး ၁၅၅၀၀၀ ကျပ်ဈေးတန်းရှိလို့ ၅၀၀၀ ကျပ်ပြန်တက်လာပါတယ်။

ပြောင်း

ပြောင်းဆံဈေးကွက်ကတော့ လက်ရှိမှယ တရုတ်ကို နယ်စပ်ဂိတ်ကနေ အနည်းငယ်သာတင်ပို့နိုင်ပေမယ့် ပြည်တွင်းသယ်ယူပို့ဆောင်စေရိတ်တွေကြောင့် ဈေးတန်းကတက်လာပါတယ်။

ပြောင်းဆံကိုပြည်တွင်းမွေးမြူရေးအစာစပ်စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ကိုင်သူတွေကလည်း အစာအတွက် ဝယ်ယူမှုရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တပိဿာကို ၁၀၈၀ မှ ၁၁၀၀ ကျပ်ဈေးပေါက်လို့ တစ်ပိဿာကို ၃၀ ကျပ်လောက်ပြန်တက်လာပါတယ်ေ။

မန္တလေးဈေးကွက်မှာတော့ ဗမာပြောင်းက ၅၄ ပိဿာကို ၅၂၀၀၀ ကျပ်၊ ရှမ်းပြောင်းက ၅၃၅၀၀ ကျပ်ရှိပြီး CP ပြောင်း က ၅၃၀၀၀ ကျပ်ဈေးပေါက်နေပါတယ်။

ပဲစဉ်းငုံနီ

ပဲစဉ်းငုံနီကတော့ နိုဝင်ဘာလကုန်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ပဲစဉ်းငုံနီ တတန် ၃၁ သိန်းကျပ် ဈေးတန်းမှာပဲ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာထပ်ရှိနေ တာတွေ့ရ ပါတယ်။

ပဲစဉ်းငုံနီက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်မှာ တတန်ကို ၄၀၇၅၀၀၀ ကျပ်အထိ ရှိခဲ့ရာကနေ နိုဝင်ဘာလ အစကစပြီး ဆက်တိုက်ကျလာပြီး အကျဈေးတန်းမှာ ရပ်နေတာဖြစ်ပါတယ်။

ပဲစဉ်းငုံနီအသစ်တွေကတော့ အခုဒီဇင်ဘာလထဲမှာ ဈေးကွက်ထဲဝင်ရောက်လာဖွယ်ရှိတာကြောင့် ဈေးဆက်တိုက်ကျလာပေမယ့် ပြည်တွင်းမှာ လက်ကျန်နည်းခြင်း ၊အိန္ဒိယဘက်ကဝယ်လိုအားလိုက်တဲ့အတွက် ပဲအသစ်တွေပေါ်ချိန်မှာ သိန်း ၃၀ အောက်ကိုကျဆင်းနိုင်ချေမရှိဘူး လို့သိရပါတယ်။

မြေပဲ

နိုဝင်ဘာလတုန်းက ဈေးကျဆင်းနေခဲ့တဲ့ မြေပဲဆံဈေးနဲ့မြေပဲအတောင့်ဈေးအားလုံးပြန်တက်လာပြီး အဝယ်ရှိလာတယ်လို့ သိရပါတယ်။

နိုဝင်ဘာလတုန်းက တရုတ်ကိုတင်ပို့တဲ့ မြေပဲအနီလုံးဆံက ဈေးတန်းအနည်းဆုံးဖြစ်တဲ့အပြင် အရောင်းအဝယ် အေးခဲ့ပြီး ဒီဇင်ဘာလမှာတော့ ဈေးတန်းကအမြင့်ဆုံးပြန်ဖြစ်လာပါတယ်။

ပို့ကုန်ရငွေ ကန်သန့်ချက်ဖြေလျှော့လိုက်သလို တရုတ်ဘက်ကပါ အဝယ်လိုက်လာလို့ ဈေးတန်းတွေပြန်တက်လာတာလို့သိရပါတယ်။

နိုဝင်ဘာလ တုန်းက မြေပဲအနီလုံးဆံ ၊အဖြူလုံးဆံဈေးဟာ ၅၀၀၀ ကနေ ၅၃၀၀ တပတ်လည်မှာပဲရှိခဲ့ပြီး လက်ရှိမှာတော့ ၆၀၀၀ ကျော်အထိဈေးတန်းပြန်တက်လာတာဖြစ်ပါတယ်။

မြေပဲအတောင့်ဈေးကလည်း ၂၅ ပေါင်းတတင်းကို ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်အထိဈေးတန်းရှိလာပါတယ်။

မြေပဲဈေးက ထပ်တက်မယ့်အလားအလာပဲရှိတယ်လို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

နှမ်း

နှမ်းမျိုးစုံ ဈေးကွက်မှာတော့ နှမ်းနက်စမုံက တရုတ်အဝယ်လိုက်လို့ ဈေးတန်းကအတက်ဘက်ကိုရောက်လာပေမယ့် ကျန်တဲ့နှမ်းမျိုးစုံကတော့ဈေးအေးနေပါတယ်။

နှမ်းနက်စမုံက ဒီဇင်ဘာလမှာ ၄၅ ပိဿာ တအိပ်ကို ၃၅၀၀၀၀ ကျပ်ရှိလာလို့ ၁၅၀၀၀ ကျပ်တက်လာပါတယ်။

နှမ်းဖြူရိုးရိုးက ၃၀၀၀၀၀ ကျပ်မှ ၃၂၀၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၃၅၀၀၀၀ ကျပ်၊နှမ်းညိုသစ်က ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ကျပ်ဈေးပေါက်လို့ နိုဝင်ဘာလနောက်ဆုံးရက်ကဈေးထက် ၁၀၀၀၀ မှ ၁၅၀၀၀၀ ကျပ်လောက် ဈေးကျသွားပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ဈေးကွက်အခြေအနေ ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဈေးကွက်နိူင်ယှဉ်းသုံးသပ်ချက်ဖြစ်ပါတယ်။

Photo crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW